News

POST TYPE

POPULAR POST

ပြည်တွင် ရခိုင်​တိုင်းရင်းသားလုပ်​ငန်းရှင်​များအဖွဲ့ ဖွဲ့စည်း
09-Sep-2018


ပြည်​၊ စက်​တင်​ဘာ ၉

ပဲခူးတိုင်း​ဒေသကြီး အ​နောက်​ပိုင်းပြည်​မြို့၊ မြို့တော်ခန်းမတွင်​ ​စက်တင်ဘာလ ၈ ရက်နေ့က ဒေသခံရခိုင်​တိုင်းရင်းသား လုပ်ငန်းရှင်​များ စုပေါင်း၍ အဖွဲ့ဖွဲ့စည်းခဲ့​ကြောင်း ရခိုင်​တိုင်းရင်းသား လုပ်​ငန်းရှင်​လည်းဖြစ် နာယကဦးကျောက်​​တောင်​က ​ပြောကြားသည်​။

“တိုင်းရင်းသားလုပ်​ငန်းရှင်​​တွေမှာက အခွင့်အလမ်းနည်းတယ်​။ နီးစပ်​ရာလူ​တွေပဲ ရသွားကြတာများတယ်။ ဒီလိုအစိုးရ အသိအမှတ်​ပြုအဖွဲ့​တွေဖွဲ့ပြီး တင်​ဒါတို့ ကြိုတင်​သိရင်​ တိုင်းရင်းသားလုပ်​ငန်းရှင်​တွေ ကြိုပြင်​ဆင်​ထားလို့ရမယ်​။ တိုင်းရင်းသားထဲက​နေလုပ်ငန်းရှင်​​တွေ အများကြီး ထွက်​​ပေါ်လာဖို့လိုတယ်”ဟု ဦး​ကျောက်​​တောင်​ကဆိုသည်​။

အဆိုပါ အဖွဲ့ဖွဲ့စည်းခြင်းကို ရခိုင်​တိုင်းရင်းသား လုပ်​ငန်းရှင်​များ များပြားလာ​စေရန်၊ ရခိုင်​ပြည်​နယ်​ ဖွံ့ဖြိုးတိုးတက်​​ရေးအတွက်​ ​ဒေသအသီးသီးသို့​ ရောက်​ရှိ​နေ​သော ရခိုင်​တိုင်းရင်းသားများ စု​ပေါင်းလုပ်​​ဆောင်​နိုင်​ရန်​ရည်​ရွယ်​၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်​​ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“တိုင်းရင်းသား လုပ်​ငန်းရှင်​တွေပေါ် ထွန်းလာ​ဖို့ တိုင်းရင်းသားတွေ စားဝတ်​​နေ​ရေး​ ပြေလည်​​စေဖို့​အတွက်​ အစိုးရက တိုင်းရင်းသားတွေနဲ့ တိုက်​ရိုက်​ထိ​တွေ့နိုင်​​ဖို့​ တိုင်းရင်းသားအသင်းအဖွဲ့တွေလည်း လိုအပ်​​ပါတယ်”ဟု ပဲခူးတိုင်း​ဒေသကြီး ကရင်​တိုင်းရင်းသား​ရေးရာဝန်​ကြီး ​နော်​ပွယ်​​စေးက ​ပြောဆိုသည်​။

အဆိုပါ အဖွဲ့ဖွဲ့စည်းသည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ဘွယ်စေးတို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းသား ပေါင်းစုံစီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ဝင်စားသူ လူ ၁၅၀ ကျော် တက်ရောက်ခဲ့သည်။

M-06