News

POST TYPE

POPULAR POST

အောင်ရဲထွေးအသတ်ခံရမှု အမှုရုပ်ခြင်းကို အတည်ပြုသင့် မသင့် နှစ်ဖက်လျှောက်လဲချက်ပေး
29-Aug-2018


ရန်ကုန်၊ သြဂုတ် ၂၉

ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု အမှုရုပ်သိမ်းထားခြင်းနှင့်ပတ်သက်၍ အတည်ပြုသင့်၊ မသင့်ကို သြဂုတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှိ တရားခွင် (၆) တွင် နှစ်ဖက်လျှောက်လဲချက် ကြားနာခဲ့သည်။

အဆိုပါအမှုကို နှစ်ဖက်လျှောက်လဲချက် ကြားနာသည့်နေ့တွင် အမှုရုပ်သိမ်းခြင်းကြောင့် လူသတ်မှုမှ လွတ်မြောက်ခဲ့သူ သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦး လာရောက်ကြားနာခြင်း မရှိသော်လည်း ၎င်းတို့၏ မိသားစုများမှ တရားခွင်သို့ လာရောက်၍ ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာခဲ့ကြသည်။

တရားစီရင်ရေးအပေါ် ဝေဖန်မှုများ မြင့်တက်လာသည့် အောင်ရဲထွေး အသတ်ခံရမှု အမှုရုပ်သိမ်းထားခြင်းကို အတည်ပြု မပြု လာမည့်တစ်ပတ်အတွင်း အမိန့်ချမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံမှ စုံစမ်းသိရှိရသည်။ 

S-03



  • VIA