News

POST TYPE

POPULAR POST

သပိတ်ကျင်းဆေးရုံတွင် ဒုရဲအုပ်တစ်ဦးက ဆေးရုံတက်လူနာများကို သေနတ်ဖြင့်ချိန်ရွယ်ခြိမ်းခြောက်ဟုဆို
06-Aug-2018
မန္တလေး၊ ဩဂုတ် ၅

သပိတ်ကျင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်နေသော လူနာများကို အရက်မူးနေသည့် ဒုရဲအုပ်တစ်ဦးက သေနတ်ဖြင့် ခြိမ်းခြောက်မှုတစ်ခု ဩဂုတ်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က ဖြစ်သွားခဲ့ကြောင်း ယင်းဆေးရုံတွင် ဆေးကုသခံယူနေသော လူနာများထံမှ သိရသည်။ 

အဆိုပါဆေးရုံတွင် မူယစ်ဆေးဝါးမှုဖြင့် အဖမ်းခံထားရသူတစ်ဦး ဆေးရုံတင်ထားရာ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူပေးနေရသည့်အတွက် တာဝန်ကျဒုရဲအုပ်တစ်ဦးက ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“အကုန်သေနတ်နဲ့ ချိန်တာပဲ။ ကျန်တဲ့ရဲလေးတွေက အရာရှိက လုပ်နေတာဆိုတော့ ဘာမှမပြောရဲကြဘူး။ လူနာတွေလည်း ကြောက်ကြတာပေါ့” ဟု လူနာတစ်ဦးက ပြောကြားသည်။ 

သို့ရာတွင် “ဆေးရုံမှာ အဲ့ဒီလို ဖြစ်တယ်လို့ ကြားပါတယ်။ ဝရုန်းသုန်းကားဖြစ်နေတာတွေတော့ မရှိပါဘူး။ အေးအေးဆေးဆေးပါပဲ။ သေနတ်နဲ့ချိန်တာမျိုး မရှိပါဘူး” ဟု သပိတ်ကျင်းမြို့ မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်မျိုးမင်းလွင်က ပြောကြားသည်။

သေနတ်ဖြင့်ချိန်ခဲ့သည်ဆိုသည့် ဒုရဲအုပ်မြင့်လှိုင်သည် အရက်သောက်တတ်သူတစ်ဦးဖြစ်ပြီး အရက်ဖြတ်ထားရာမှ ပြန်သောက်နေသူတစ်ဦးဖြစ်ကြောင်း ယင်းမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ 

M-04