News

POST TYPE

POPULAR POST

သတင်းတုများသည် ဗြိတိန်ဒီမိုကရေစီအတွက် အကျပ်အတည်းဟု လွှတ်တော်ကော်မတီသတိပေး
29-Jul-2018


လန်ဒန်၊ ဇူလိုင် ၂၈

ဗြိတိန်မဲဆန္ဒရှင်များသည် ပျက်စီးရာပျက်စီးကြောင်း စေတနာပါသည့် အမြင်များ၏ ပစ်မှတ်ထားခံနေရပြီး ဒီမိုကရေစီအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ဗြိတိန်လွှတ်တော် ကော်မတီတစ်ရပ်၏ ထုတ်ပြန်ချက်ကို BBC က ဖော်ပြသည်။

Cambridge Analytic အချက်အလက်သုတေသနအဖွဲ့၏ ဖေ့စ်ဘွတ်ခ် အချက်အလက်များ အလွဲသုံးမှု အရှုပ်တော်ပုံပေါ်ပေါက်ခဲ့ပြီးနောက် ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစား (DCMS) ရေးရာကော်မတီသည် လုပ်ကြံသတင်းများနှင့် သတင်းတုများအကြောင်း စုံစမ်းစစ်ဆေးခဲ့သည်။

ကော်မတီ၏ အစီရင်ခံစာ၌ လူမှုကွန်ရက်ကုမ္ပဏီများကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်သင့်သည် သို့မဟုတ် အခွန်သစ်ကောက်သင့်သည်ဟု အကြံပြုထားသည်။ ရွေးကောက်ပွဲတွင် ဝင်စွက်ဖက်မှုများကို တိုက်ဖျက်ရန် အစီအမံများကိုလည်း အဆိုပြုထားသည်။

နည်းပညာကုမ္ပဏီကြီးများ၏ သက်ရောက်မှုနှင့် လူမှုကွန်ရက်များတွင် သတင်းတုများ တိုးပွားလာခြင်းက လူထုအပေါ် မည်သို့သက်ရောက်မှုရှိသည်ဆိုခြင်းကို လအတန်ကြာလေ့လာပြီးနောက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန် သင့်၊ မသင့် လူထုဆန္ဒခံယူပွဲတွင် ရုရှားက လူမှုကွန်ရက်အသုံးချပြီး ဝင်ရောက်လွှမ်း မိုးစွက်ဖက်ခဲ့ခြင်းရှိ၊ မရှိကိုလည်း ကော်မတီက စုံစမ်းခဲ့သည်။ 

ကော်မတီ၏ အစီရင်ခံစာမှာဇူလိုင်လ ၃၀ ရက်နေ့မှ ထုတ်ပြန်ရမည်ဖြစ်သော်လည်း ခွဲရေးလှုပ်ရှားသည့် Vote Leave အဖွဲ့၏ ညွှန်ကြားရေးမှူး ဒေါမနစ်ကမ်းမင်းစ်က သူ့ဘလော့ဂ်တွင် ကြိုတင်ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။

“ကျွနု်ပ်တို့ ဒီမိုကရေစီသည် အန္တရာယ်ကြုံနေရပြီး ကိုင်တွယ်ဖြေရှင်းရမည့် အချိန်ကျပြီ”ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်သူများ၏ အကြောက်တရားနှင့် တစ်ဖက်ပိတ် မလိုမုန်းထားတတ်သည့် သဘာဝကို အသုံးချရန်ကြိုးပမ်းမှုများ ရှိနေကြောင်းကိုလည်း ထောက်ပြထားသည်။

အစီရင်ခံစာတွင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို အထူးတလည်ရှုတ်ချထားသည်။ “ဖေ့စ်ဘွတ်ခ်သည် စုံစမ်းစစ်ဆေးမှုကာလအတွင်း ၎င်းတို့ ကုမ္ပဏီအကြောင်း သတင်းအချက်အလက်ရရှိရန် ကျွနု်ပ်တို့၏ ကြိုးပမ်းမှုများကို ဟန့်တားနှောင့်ယှက်ခဲ့သည်။ ပြဿနာနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို မျှဝေမပေးလျှင် ပြဿနာပြေလည်သွားမည်ဟု ယူဆနေပုံရပြီးဖိအားပေးမှသာ တုံ့ပြန်မှုရှိသည်”ဟု အစီရင်ခံစာတွင် ဝေဖန်ထားသည်။

ဖေ့စ်ဘွတ်ခ်နှင့် ဗီဒီယိုဝက်ဘ်ဆိုက် တစ်ဖက်ပိတ် မလိုမုန်းထားတတ်သည့် သဘာဝကို အသုံးချရန်ကြိုးပမ်းမှုများ ရှိနေကြောင်းကိုလည်း ထောက်ပြထားသည်။

အစီရင်ခံစာတွင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို အထူးတလည်ရှုတ်ချထားသည်။ “ဖေ့စ်ဘွတ်ခ်သည် စုံစမ်းစစ်ဆေးမှုကာလအတွင်း ၎င်းတို့ ကုမ္ပဏီအကြောင်းသတင်း အချက်အလက်ရရှိရန် ကျွနု်ပ်တို့၏ ကြိုးပမ်းမှုများကို ဟန့်တားနှောင့်ယှက်ခဲ့သည့် ပြဿနာနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို မျှဝေမပေးလျှင် ပြဿနာပြေလည်သွားမည်ဟု ယူဆနေပုံရပြီး ဖိအားပေးမှသာ တုံ့ပြန်မှုရှိသည်”ဟု အစီရင်ခံစာတွင် ဝေဖန်ထားသည်။

ဖေ့စ်ဘွတ်ခ်နှင့် ဗီဒီယိုဝက်ဘ်ဆိုက် Youtube တို့အနေနှင့် ၎င်းတို့ဝက်ဘ်ဆိုက်ပေါ်ရှိ အန္တရာယ်ရှိသောအကြောင်းအရာ ပုံရိပ်များအတွက် တာဝန်ယူသင့်သည်ဟုလည်း အကြံပြုထားသည်။ 

ဖေ့စ်ဘွတ်ခ်နှင့် Youtube တို့က ၎င်းတို့သည် (လူအများ တင်ချင်ရာတင်နိုင်သည့်) စင်မြင့်များသာဖြစ်ပြီး ထုတ်ဝေတင်ဆက်သူများမဟုတ်ဟု ချေပထားကြပြီး သူတို့ဝန်ဆောင်မှုသုံး၍ တင်သည်များအတွက် သူတို့တွင် တာဝန်မရှိဟု ခုခံပြောကြားထားကြသည်။

သို့သော်လည်း လူမှုကွန်ရက်ကုမ္ပဏီများသည် ယင်းနည်းဖြင့် တာဝန်မဲ့ ရှောင်လွှဲနေ၍မရသင့်ဘဲ စင်မြင့်လည်းမဟုတ် ထုတ်ဝေတင်ဆက်သူလည်း မဟုတ်သည့် ကြားချသည့် ကဏ္ဍတစ်ခုသတ်မှတ်ကာ ထိုကဏ္ဍကို ဝန်ဆောင်သူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများချမှတ်ကာ ထိန်းချုပ်သင့်ကြောင်း ကော်မတီကသုံးသပ်သည်။ ယခုအခါ သူတို့တင်ခြင်းမဟုတ်ဆိုသော အကြောင်းပြချက်ဖြင့် အဆိုပါ ကုမ္ပဏီများသည် အန္တရာယ်ရှိသော၊ တရားမဝင်သော အကြောင်းအရာများအတွက် တာဝန်မရှိဖြစ်နေခြင်းမှာ မလျော်ကန်ဟု သုံးသပ်ထားသည်။ 

F-03



  • VIA