News

POST TYPE

POPULAR POST

မကွေးတွင် ဆန်ဈေးပြန်ကျ
06-Jul-2018



မကွေး၊ ဇူလိုင် ၅

မကွေးတိုင်းအတွင်းသို့ ပြီးခဲ့သည့်လအတွင်းက တရုတ်ကုန်သည်များ ဆန်နှင့်စပါးတို့ကို တိုက်ရိုက်လာဝယ်ခြင်းကြောင့် ဈေးနှုန်းများမြင့်တက်နေရာမှ ၎င်းတို့အဝယ်လျော့သွား၍ ဆန်ဈေးများပြန်လည် ကျဆင်းကြောင်း ဆန်ပွဲရုံပိုင်ရှင်များထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်ပတ်ကျော်က တရုတ်နိုင်ငံမှ ဆန်ဝယ်လိုအားမြင့်တက်လာမှုကြောင့် ရတနာတိုးဆန် ၂၅ ပြည်ဝင် တစ်အိတ်လျှင် ၂၀၀၀ ကျပ်ခန့်ပြန်လည် ကျဆင်းလာကြောင်း အဆိုပါဆန်ပွဲရုံပိုင်ရှင်များထံမှ သိရသည်။

“အခုလိုဈေးကျတာက တရုတ်က ဝယ်လိုအားရပ်လိုက်လို့ပါ။ အခုဈေးက ပြန်အေးနေပြီ”ဟု မကွေးမြို့မ ဈေးကြီးအနီးရှိ AKB ဆန်ပွဲရုံပိုင်ရှင် ဦးအောင်ဆန်းမင်းက ပြောဆိုသည်။

အဆိုပါ ရတနာတိုးဆန်မှာ ပြည်တွင်းဈေးကွက်၌ အနည်းငယ်သာ စားသုံးကြသော်လည်း တရုတ်ပြည်တွင်မူ မုန့်လုပ်ငန်းများ၌ အသုံးပြုနေကြသဖြင့် ဝယ်ယူမှုများပြားခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းအတွင်းရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ရတနာတိုး ဆန် ၂၅ ပြည်ဝင်တစ်အိတ်လျှင်ကျပ် ၂၃ယ၅၀၀ ခန့်မှ ယခုအခါ တစ်အိတ်လျှင် ကျပ် ၂၁ယ၅၀၀ သို့ကျဆင်းကြောင်း မကွေးဆန်ဈေးကွက်အတွင်းမှ သိရသည်။ 

လွင်အေး