News

POST TYPE

POPULAR POST

ကော့ကရိတ်ရှိ ရွှေဆိုင်ဓားပြတိုက်သူကို ဖမ်းမိ
13-Jun-2018
ဘားအံ၊ ဇွန် ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဖြူစင်သန့်ရွှေဆိုင်ကို ဓားပြတိုက်ခဲ့သူကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်က ဖမ်းမိခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားပြတိုက်သူ ကော့ကရိတ်မြို့နယ်၊ ဆိတ်ဖူးကုန်းကျေးရွာနေ အသက် ၃၁ နှစ်အရွယ်ရှိ အောင်ကျင်သိန်း၏ ဇနီးဖြစ်သူထံမှ ခြေရာကောက်သတင်းရယူပြီးနောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ဒသမ ၂၂ ခြောက်လုံးပြူးသေနတ် တစ်လက်၊ ပစ်ခတ်ပြီး ကျည်ခွံတစ်ခုနှင့် ကျည် ၅ တောင့်၊ ယမ်းဖာအတွင်းထည့်ထားသည့် ကျည် ၈၅ တောင့်၊ အရိုးအသွား ၁ ပေခန့်ရှိ ဓားရှည် ၁ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှသိရသည်။ 

အဆိုပါ အမှုနှင့်ပတ်သက်ပြီး အောင်ကျင်သိန်းကို ကော့ကရိတ်မြို့မရဲ့စခန်းက (ပ) ၂၆၃/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

အောင်ကျင်သိန်းသည် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က သေနတ်ကိုင်၍ ဖြူစင်သန့်ရွှေဆိုင်ကို ဓားပြဝင်တိုက်ခဲ့သည်။

R-17


  • VIA