News

POST TYPE

POPULAR POST

တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများ ဇွန်လ ၂၃ ရက်တွင် မဲနှိုက်ရောင်းမည်
ရန်ကုန်၊ ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝင်ငွေနည်းပြည်သူများနှင့် ပုဂ္ဂလိကဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများကို ရောင်းမည့်တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ဇွန်လ ၂၃ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနရုံးတွင် မဲနှိုက်ရောင်းမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။

တိုက်ခန်းဝယ်ယူခွင့်ဖောင်များကို လာရောက်လျှောက်ထားသူ ခြောက်ထောင်ကျော်ရှိခဲ့ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်း ၈၆၂ ခန်းကို ရောင်းမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တိုက်ခန်းတွေကို မဲနှိုက်ရင်တိုင်း အစိုးရရုံးမှာဆိုတော့ အဝင်အထွက် ခက်၊ သွားရေးလာရ အဆင်မပြေလို့ အိုးအိမ်ရုံးမှာ မဲနှိုက်ပေးဖို့ စီစဉ်ထားတယ်။ အချိန်ကတော့ မနက်ပိုင်းလုပ်မယ်။ ပြန်တော့မညှိနှိုင်းရသေးဘူး”ဟု ၎င်းက ဆိုသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ဝယ်ခွင့်ရသူများထဲမှ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ကနဦး ၂၅ ရာခိုင်နှုန်း၊ အစိုးရဝန်ထမ်းဖြစ်ပါက ကနဦး ၁၅ ရာခိုင်နှုန်းသွင်းရမည်ဖြစ်ကာ ၁၅ နှစ် အရစ်ကျပေးချေရမည်ဖြစ်ကြောင်းနှင့် တိုက်ခန်းဝယ်ခွင့်ရသူသည် ကနဦး ငွေပေးသွင်းပြီးပါက နေထိုင်ခွင့်ရမည်ဖြစ်သည်။

မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးဦးစီးဌာနမှ ဆောက်လုပ်ထားသည့် မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်များရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများဖြစ်ပြီး တန်ဖိုးနည်းတိုက်ခန်းဈေးနှုန်းမှာ ကျပ် ၉၈ သိန်းဝန်းကျင်မှ ကျပ်သိန်း ၁၃၀ ခန့်၊ တန်ဖိုးသင့်တိုက်ခန်းများ ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၆၀၀ အထိ ဈေးရှိသည်။

J-10