News

POST TYPE

POPULAR POST

မေလအတွင်း မူးယစ်ဆေးဝါးမှု ၈၇၀ ဖမ်းဆီး၍ ကျူးလွန်သူ ၁၂၃၁ ဦး အရေးယူ
11-Jun-2018 tagged as မူးယစ်ဆေးဝါး

ရန်ကုန်၊ ဇွန် ၁၀

ယခုနှစ် မေလတစ်လအတွင်း မူးယစ်ဆေးဝါးမှု ၈၇၀ ဖမ်းဆီးရရှိသည့်အနက် မူးယစ်ဆေးဝါးမှုနှင့်ဆက်စပ်၍ ကျူးလွန်သူ ၁၂၃၁ ဦးကို အရေးယူနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇွန်လ ၁၀ ရက်က ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးစီမံချက်အသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဖမ်းဆီးရမိမှု ၈၇၀ မှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၁၆၉,၉၂၁ ဒသမ ၈၄ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရရှိခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်အရ သိရသည်။

“တရားရုံးစစ်ဆေးချက် ပြီးစီးရင် တော့ အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးပစ္စည်းအားလုံး ဒီဇွန်လ ၂၆ ရက် မီးရှို့ဖျက်ဆီးပွဲ နေ့ကျရင် မီးရှို့မဲ့စာရင်းထဲ ပါလာနိုင်တာပေါ့နော်” ဟု မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ စီမံကိန်းဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက ဆိုသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု စာရင်းအရ အမှုပေါင်း ၈၇၀ တွင် ဘိန်း ၁၈ မှုမှ ၁၄၅၅ ဒသမ ၄၀၂ ကီလို၊ ဘိန်းဖြူ ၂၃၅ မှုမှ ၃၂ ဒသမ ၁၂၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၂ မှုမှ ဆေးပြားပေါင်း ၃,၅၇၄,၆၆၃ ပြား၊ အိုက်စ် ၁၇ မှုမှ ၁၅၃ ဒသမ ၉၀ ကီလို၊ ဆေးခြောက် ၂၁ မှုမှ ၃ ဒသမ ၇၉ ကီလိုဖြင့် အသီးသီးပါဝင်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခင်နှစ် ဇွန်လ ၂၆ ရက် အပြည် ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် အမေရိကန်ဒေါ်လာ ၃၈၅ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။

J-17