News

POST TYPE

POPULAR POST

နေပြည်တော် သံတမန်ဇုန်တွင် နိုင်ငံခြားသံရုံးဆောက်ရန် မြေကွက် ၂၉ ခု အဆိုပြု
01-Jun-2018

နေပြည်တော်၊ မေ ၃၁

အစိုးရရုံးစိုက်ရာနေပြည်တော်ရှိ သံတမန်ဇုန်တွင် သံရုံး ၁၅ ရုံးမှ မြေနေရာ ၂၉ ခုကို အဆိုပြုတင်ပြထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။

“သံရုံးမြေကိစ္စကတော့ ကျွန်တော်တို့ လက်ရှိသံရုံး ၁၅ ရုံးကနေမြေကွက် ၂၉ ကွက် အဆိုပြုထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံက နိုင်ငံတကာအဆင့်မီ ဆေးရုံဆောက်ဖို့ ကျွန်တော်တို့ကို ကမ်းလှမ်းထားပါတယ်” ဟု ၎င်းကဆိုသည်။

အစိုးရ၏ ဒုတိယ တစ်နှစ်တာ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် တရုတ်နိုင်ငံက နိုင်ငံတကာအဆင့်မီကျောင်း၊ တောင်ကိုရီးယားနိုင်ငံက နိုင်ငံတကာအဆင့်မီဆေးရုံ ဖွင့်လှစ်ရန် လာရောက် ကမ်းလှမ်းထားကြပြီး ဘရူနိုင်းနိုင်ငံရှိ မြေကွက်နှင့် နေပြည်တော်ရှိ မြေကွက်ကို အလဲအထပ်လုပ်၍ သံရုံးမြေနေရာ ပြုလုပ်မည့် အစီအစဉ်ကိုလည်း ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကျွန်တော်တို့ဆီမှာ ဆက်ဆံရေးရုံးလာပြီး ဖွင့်ထားတာရှိပါတယ်။ မနှစ်က ကျွန်တော်တို့ ရုံးခန်းဖွင့်ပေးပါတယ်။ အလားတူပဲ အမေရိကန်ပြည်ထောင်စုနဲ့ ကျန်တဲ့နိုင်ငံများက ပထမအဆင့်အနေနဲ့ ဆက်ဆံရေး ရုံးတွေဖွင့်ဖို့ လုပ်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြား သံရုံး ၇၀ ကျော် လာရောက် ဖွင့်လှစ်ထားသည်။

S-01