News

POST TYPE

POPULAR POST

ရခိုင်ပြည်နယ်တွင် စိုက်ပျိုးစရိတ် ကျပ် ၉၀ ဘီလီယံချေးမည်
21-May-2018

စစ်တွေ၊ မတ် ၂၀

ရခိုင်ပြည်နယ်ရှိ လယ်သမားများကို မိုးရာသီ စိုက်ပျိုးစရိတ် မေလ ၁၇ ရက်မှစ၍ ထုတ်ချေးလျက်ရှိရာ ကျပ် ၉၀ ဘီလီယံကို ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရခိုင်ပြည်နယ်ဘဏ်ခွဲမှ သိရသည်။

ယခင်က ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးရာမှ ယခုနှစ်တွင် တစ်ဦးချင်းကို ချေးပေးမည်ဖြစ်ပြီး ချေးငွေ စည်းကမ်းချက်များ အပြောင်းအလဲ ရှိလာမည်ဖြစ်ကြောင်း၊ တောင်သူများကို စုဆောင်းငွေ တိုးလာစေရန် ချေးငွေပြန်ဆပ်ရာ၌ အရင်းငွေ၏ ၁ ရာခိုင်နှုန်းကို ဘဏ်တွင် ပြန်စုရမည်ဖြစ်ကြောင်း၊ ငွေထုတ်ချေးရာတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ မူရင်းကို ဘဏ်၌ အာမခံအဖြစ် အပ်နှံထားရမည်ဖြစ်ကြောင်း ပြည်နယ်ဘဏ်ခွဲမှ မန်နေဂျာ ဦးအေးသိန်းက ပြောသည်။

ရခိုင်ပြည်နယ်၌ ၂၀၁၇ ခုနှစ်က လယ်ဧက ၅၈၀,၀၀၀ ကျော်ရှိပြီး လယ်သမားဦးရေ ၁၁၀,၀၀၀ ကို ကျပ် ၆၈ ဘီလီယံ ထုတ်ချေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် လယ်ဧက ၆ သိန်းအတွက် ကျပ် ၉၀ ဘီယံယံအထိ ထုတ်ချေးမည်ဖြစ်ပြီး လယ်တစ်ဧကကို ကျပ် ၁ သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဦးလျှင် ၁၀ ဧကနှုန်းသာ ထုတ်ချေးမည်ဖြစ်ကြောင်း ယင်းဘဏ်ခွဲထံမှ သိရသည်။ 

R-22

  • VIA