News

POST TYPE

POPULAR POST

သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် အချုပ်သားထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ
ရန်ကုန်၊ မေ ၁၅

သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် မေလ ၁၄ ရက်နေ့က အချုပ်သားများကို ရုံးထုတ်ရန် စစ်ဆေးစဉ် မူး/စိတ် ပုဒ်မဖြင့် ဖမ်းဆီးထားသော အချုပ်သားတစ်ဦးထံမှ WY စာတန်းပါ စိတ်ကြွဆေးပြား သုံးပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပုဆိုးခါးကြားအတွင်း ရှူဆေးဘူးအလွတ်ထဲတွင် WY စာတန်းပါ စိတ်ကြွဆေးပြားများကို ထည့်ထားသူမှာ ယခုနှစ် အတွင်း မူး/စိတ် ပုဒ်မဖြင့် ဖမ်းဆီးခံထားရသော အသက် ၂၉ နှစ် ငြိမ်းချမ်းအောင်ဖြစ်ပြီး ၎င်းကို ယင်းနေ့က ရုံးထုတ်စစ်ဆေးရန် အင်းစိန်အကျဉ်းထောင်မှ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးသို့ ခေါ်ဆောင်လာခဲ့သူ ဖြစ်သည်။

“ရုံးထုတ်စစ်ဆေးမယ့်သူကို တရားရုံးမှာရှိတဲ့ အချုပ်ခန်းထဲက ခေါ်ထုတ်ချိန် စစ်ဆေးကြည့်ရာက စိတ်ကြွဆေးပြားတွေ တွေ့ရှိခဲ့တာပါ။ ဒီဆေးပြားတွေ သူဘယ်ကနေ ခိုးဝှက်သယ်ဆောင်လာတယ်ဆိုတာကို ဆက်လက်စစ်ဆေးနေပါတယ်” ဟု ရဲအရာရှိက ပြောသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သည့် အချုပ်သားငြိမ်းချမ်းအောင်ကို သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် မူးယစ် (ပ) ၁၉/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03