POST TYPE
POPULAR POST
အဓမ္မပြုကျင့် နှိပ်စက်မှုဖြင့် ဖမ်းဆီးခံရသူ အဆိုတော်အစ္စဏီကို ဒုတိယအကြိမ်ချုပ်ရမန်ယူ
26-Apr-2018

ရန်ကုန်၊ ဧပြီ ၂၆
မော်ဒယ် စူးရှထက်ကိုကို အဓမ္မပြုကျင့်ပြီး နှိပ်စက်ခဲ့သည်ဟုဆိုသော အဆိုတော်အစ္စဏီကို ဧပြီလ ၂၆ ရက်နေ့က တာမွေမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်ချုပ်ရမန်ယူခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
မုဒိမ်းမှု နာကျင်စေမှုများဖြစ်သော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/ ၃၂၅/ ၃၂၄ တို့ဖြင့် တာမွေမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူခံရသော အဆိုတော် အစ္စဏီမှာ ဧပြီလ ၁၂ ရက် နံနက်အစောပိုင်းက ဆယ်လီအရက်ဘားဆိုင်သို့ ရောက်ရှိနေသော ၎င်း၏ချစ်သူဟုဆိုသော မော်ဒယ် စူးရှထက်ကို ဘားအတွင်း ဝင်ရောက်ပြဿနာရှာခဲ့ပြီးနောက် စူးရှထက် နေထိုင်သောတိုက်ခန်းသို့ ၎င်းတို့ချစ်သူနှစ်ဦး အငှားယာဉ်ဖြင့် အတူပြန်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။
ယင်းနောက် တိုက်ခန်းအရောက်တွင် အစ္စဏီက မော်ဒယ် စူးရှထက်၏ အဝတ်အစားများကို အတင်းဆွဲချွတ်၍ တစ်ကိုယ်လုံးကိုဖျစ်ညှစ်ကာ ညာဘက်လက်ချောင်းရှိ လက်သည်းခွံများကို လှန်ချိုးခဲ့သောကြောင့် စူးရှထက်မှာနာကျင်၍ သတိမေ့မျောနေစဉ် အစ္စဏီက သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ပြီး သတိပြန်ရလာချိန် ပတ်ဝန်းကျင်ကို အကူအညီတောင်းရန် ကြိုးစားသည့် စူးရှထက်၏ ညာခြေထောက်ကို ၎င်းက ဗီဒိုမှန်ကွဲစဖြင့် ဆွဲခြစ်ခဲ့ကြောင်း၊ စူးရှထက်မှ သန့်စင်ခန်း အသုံးပြုလိုကြောင်း ပြော၍ အိမ်သာတံခါးကို လော့ချပြီး သူငယ်ချင်းထံ ဖုန်းဆက်အကူအညီတောင်းခဲ့ရာမှ ယင်းနေ့ နံနက် ၅ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များက လာရောက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ အမှုမှ အဆိုတော် အစ္စဏီကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီးနောက် တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ် ချုပ်ရမန် ယူခဲ့ပြီး နောက်လာမည့်ရုံးချိန်းကို မေလ ၁၀ ရက်နေ့သို့ ချိန်းဆိုထားကြောင်း တာမွေမြို့နယ် တရားရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
S-03
- VIA
- Voice Admin
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019