News

POST TYPE

POPULAR POST

စုန်းအတတ်ပညာကို တက္ကသိုလ်သင်ရိုးထဲထည့် ဘွဲ့ပေးဖို့ တောင်အာဖရိက ပညာရေးဝန်ကြီး ထုတ်ပြန်
19-Sep-2016

တောင်အာဖရိက ပညာရေးနဲ့ သက်မွေးမှု သင်တန်းဆိုင်ရာဝန်ကြီး ဘလိတ် အန်ဇီမန်ဒီက ၂ဝ၁၈ ပညာသင်နှစ်မှာ တက္ကသိုလ်မှာ စုန်းအတတ်ပညာကို ထည့်သင်မှာ ဖြစ်ပြီး B.Sc ဘွဲ့ပေးမယ်လို့ ထုတ်ပြန် ထားပါတယ်။

တိုင်းပြည်အနှံ့က ကျောင်းသား သမဂ္ဂတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီးက အဲဒီလို ပြောကြား ခဲ့တာပါ။ စုန်းအတတ်ကို တတ်ချင်သူတွေ အနေနဲ့ တောင်အာဖရိကကို သွားရောက် ပညာ သင်ကြားနိုင်ဖို့ မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။

“စုန်းအတတ်ပညာကနေ တို့တွေ အများကြီး လေ့လာနိုင်ပါတယ်”လို့ ဝန်ကြီးက ပြောကြားပါတယ်။ ပြီးတော့ ဝန်ကြီးက တိုင်းပြည်မှာ နာမည်ကြီးတဲ့ စုန်းတွေကိုလည်း သူ့ရုံးကို အစည်းအဝေး ဖိတ်ထားပါသေးတယ်။ နောက်ပိုင်းမှာ စုန်းတွေကို အရည်အချင်း စစ်ဆေးမှာ ဖြစ်ပြီး အရည်အချင်း ပြည့်ဝတဲ့ စုန်းတွေကို တက္ကသိုလ် ဆရာအဖြစ် ခန့်အပ်မှာ ဖြစ်ပါတယ်တဲ့။

အာဖရိကတိုက် တစ်ဝန်းမှာ ရှိတဲ့စုန်းတွေလည်း အလုပ် လာလျှောက်နိုင်ပြီး တိုင်းပြည်မှာ နေထိုင်ခွင့် ရရှိမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ပြည်ထဲရေးဝန်ကြီး ဌာနနဲ့လည်း စကားပြောပြီးပြီဖြစ်လို့ နိုင်ငံရပ်ခြား စုန်းတွေကို နေထိုင်ခွင့် စီစဉ်ပေးမှာ ဖြစ်တယ်လို့လည်း သူက ကတိပေး ထားပါသေးတယ်။

Ref : UPI


  • VIA