News

POST TYPE

POPULAR POST

ချိန်းဆိုတွေ့ဆုံ အက်ပလီကေးရှင်း Tinder နှင့် မန်စီးတီးတို့ စပွန်ဆာစာချုပ် ချုပ်ဆို
16-Apr-2018

 

မန်ချက်စတာ၊ ဧပြီ ၁၆

 

မန်စီးတီးအသင်းသည် ချစ်ခင်စုံမက် စိတ်ဝင်စားသူအချင်းချင်း ချိန်းဆိုတွေ့ဆုံနိုင်စေရန် ဝန်ဆောင်မှုပေးသည့် ွှ Tinder အက်ပလီကေးရှင်းနှင့် စပွန်ဆာစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး မန်စီးတီးနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုခွင့် ရလိုက်ခြင်းက ၎င်းတို့၏ဝန်ဆောင်မှုကို  လူသိပိုများလာစေရန် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ွှငညိနမ က ယုံကြည်ထားကြောင်း Daily Mail က ဖော်ပြထားသည်။


Tinder သည် လက်ရှိတွင် အီတလီစီးရီးအေကလပ် နာပိုလီနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုထားပြီးဖြစ်ကာ နာပိုလီကို ပေးအပ်ထားသည့် စပွန်ဆာမှာ အသေးစား စပွန်ဆာအမျိုးအစားဖြစ်ပြီး မန်စီးတီးနှင့် ချုပ်ဆိုလိုက်သော စပွန်ဆာစာချုပ်ကမူ မန်စီးတီး၏အဓိကစပွန်ဆာအဖြစ် ရပ်တည်သွားမည့်စာချုပ်မျိုးဖြစ်ကြောင်း Tinder က ရှင်းပြထားသည်။


Tinder သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လ၌ မန်စီးတီး၏ဒါဘီပြိုင်ဘက် မန်ယူအသင်းကို ဂျာစီအင်္ကျီ၏လက်မောင်းနေရာအတွက် စပွန်ဆာပေးအပ်ခွင့်ရလိုကြောင်း ကမ်းလှမ်းဆွေးနွေးခဲ့သေးကာ နှစ်ဦးနှစ်ဖက်အကြားတွင် စပွန်ဆာကြေးညှိနှိုင်းမှု အဆင်မပြေခဲ့သည့်အတွက် အဆုံးသတ်တွင် ယင်းဆွေးနွေးမှုမှာ ပျက်ပြယ်သွားခဲ့ရခြင်းဖြစ်သည်။

 

မန်စီးတီးသည် လက်ရှိတွင် အသင်း၏ဝတ်စုံစပွန်ဆာမိတ်ဖက်ကိုလည်း အပြောင်းအလဲလုပ်ရန် စီစဉ်နေပြီဖြစ်ပြီး မန်စီးတီး၏ဝတ်စုံစပွန်ဆာမိတ်ဖက်အဖြစ် ရပ်တည်ခွင့်ရနေသော နီကီ၏နေရာကို အစားဝင်ခွင့်ရနိုင်ဖွယ်ရှိနေသည်မှာ ပူးမားဖြစ်သည်။

 

ပူးမားသည် မန်စီးတီးအသင်း၏ဝတ်စုံစပွန်ဆာမိတ်ဖက်အဖြစ် ရပ်တည်ခွင့်ရနိုင်ရန် တစ်နှစ်စပွန်ဆာကြေးပမာဏ ပေါင်သန်း ၅၀ ဖြင့် ကမ်းလှမ်းထားခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် နှစ်ရှည်စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန်လည်း ပူးမားက ရည်မှန်းထားလျက်ရှိသည်။

 



  • VIA