News

POST TYPE

POPULAR POST

မန္တလေးမြို့တော်မဏ္ဍပ်ပိတ်ပွဲ မြို့မနှစ်ဖွဲ့ ပူးပေါင်းဖျော်ဖြေမည်
16-Apr-2018

မန္တလေး၊ ဧပြီ ၁၆

မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ်ပိတ်ပွဲ ကျင်းပမည့် သြင်္ကန်အတက်နေ့ (ယနေ့) တွင် မြို့မတူရိယာအသင်း၏ အဖွဲ့နှစ်ခု ပူးပေါင်းဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောကြားသည်။

မန္တလေးမြို့တော်မဟာသြင်္ကန်မဏ္ဍပ်၌ဖျော်ဖြေနေသော မြို့မတူရိယာအသင်းနှင့် မြို့တွင်း၌ လှည့်လည်ဖျော်ဖြေသည့် မြို့မအလှပြယာဉ်တို့သည် သြင်္ကန်အတက်နေ့ ည ၉ နာရီခွဲအချိန်တွင် စင်ပေါ်စင်အောက် တီးမှုတ်သီဆို ဖျော်ဖြေပေးမည်ဟု ၎င်းကပြောဆိုသည်။

မန္တလေးမဟာသြင်္ကန်မဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ကျင်းပမည်ဖြစ်သည်။

M-07