News

POST TYPE

POPULAR POST

ရေပက်ခံထွက်သည့် ဆိုင်ကယ်နှစ်စီးတိုက်မိရာမှ တစ်ဦးသေဆုံး
15-Apr-2018

ဟင်္သာတ၊ ဧပြီ ၁၅

ဟင်္သာတမြို့၊ ကုန်းကြီးအုပ်စု၊ မြို့နယ်စိုက်ပျိုးရေးရုံးရှေ့ မိုင်တိုင်အမှတ် ၃/၂ နှင့် ၃/၃ အကြားတွင် ဧပြီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခွဲက ရေပက်ခံထွက်သည့်ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သေဆုံးသူသည် နတ်မော်ကျေးရွာ အေးမြဒီပါရပ်ကွက်တွင်နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် စောလျှံကျော်(ခ) သားပေါက်ဆိုသူဖြစ်ပြီး ဆိုင်ကယ်နောက်တွင် ထွန်းထွန်းနိုင် လိုက်ပါလာခဲ့ကြောင်း၊ မျက်နှာချင်းဆိုင်မှ အသက် ၄၀ အရွယ် ခိုင်မိုးမောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်တွင် စိုးခိုင်ဝင်းဆိုသူလိုက်ပါလာပြီး ဆိုင်ကယ်အချင်းချင်း တိုက်မိရာမှ ခိုင်မိုး၊ ထွန်းထွန်းနိုင်နှင့် စိုးခိုင်ဝင်းတို့ ဒဏ်ရာရရှိခဲ့ပြီး စောလျှံကျော်(ခ)သားပေါက်မှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဟင်္သာတခရိုင်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသနေသည့် ခိုင်မိုးနှင့် သေဆုံးသူ စောလျှံကျော်(ခ)သားပေါက်တို့ကို ဟင်္သာတမြို့မစခန်းက ယာဉ်(ပ) အမှတ် ၄၆/၂၀ဧ၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း မြို့မစခန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

R-13