News

POST TYPE

POPULAR POST

ငဝန်ကမ်းသာယာ အပန်းဖြေဆိပ်ကမ်းတွင် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး
15-Apr-2018
ဟင်္သာတ၊ ဧပြီ ၁၅

သြင်္ကန်အကျနေ့ဖြစ်သည့် ဧပြီလ ၁၄ ရက်နေ့ နံနက် ကိုးနာရီခွဲခန့်က လေးမျက်နှာမြို့နယ်ရှိ ငဝန်ကမ်းသာယာ အပန်းဖြေဆိပ်ကမ်း၌ အသက် ၁၆ နှစ်အရွယ် နဝမတန်းကျောင်းသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းနေ့ နံနက်ပိုင်းက အဆိုပါကျောင်းသားသည် သူငယ်ချင်းများနှင့်အတူ ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏အလောင်းကို ညနေ သုံးနာရီခွဲခန့်တွင် မြစ်ကမ်းနှင့် ပေ ၇၀ အကွာ၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကို လေးမျက်နှာမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-13