News

POST TYPE

POPULAR POST

ဥပုသ်သည် ၇၀ ကျော် အစာအဆိပ်သင့်
14-Apr-2018



မိတ္ထီလာ၊ဧပြီ ၁၄


သြင်္ကန်အကျနေ့က ပျော်ဘွယ်မြို့နယ် ရှမ်းစုကျေးရွာဘုန်တော်ကြီးကျောင်းတွင် အသုတ်စားမိသူ ဥပုသ်သည် ၇၀ ကျော် အစာအဆိပ်သင့်ခဲ့ကြောင်း ယင်းကျေးရွာဒေသခံများနှင့်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရသည်။


ဧပြီလ ၁၄ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်စု ရှမ်းစုကျေးရွာရှိ မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းသို့ လာရောက် သည့် ဥပုသ်သည်များကို အလှူရှင်က ကျွေးမွေးသည့် မုန့်ဖတ်သုတ်ကို စားမိရာမှ အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။


"မုန့် ဖတ်နဲ့ တိုဟူး သုတ်ထားတာကို စားမိတဲ့သူတွေ အစာအဆိပ်သင့်တာပါ။အားလုံး ဒီရွာက လူတွေပါပဲ ။ရွာမှာ အရင် တုန်းက ဒီလို တစ်ခါမှ မဖြစ်ဖူးပါဘူး''ဟု ရှမ်းစုကျေးရွာဒေသခံ ဦးဖိုးတေက ဆိုသည်။


အစာအဆိပ်သင့်သူများမှာ ဘုန်းကြီးကျောင်းက အသုတ်ကို စားမိခဲ့ကြခြင်းဖြစ်ပြီး ယင်းတို့ အိမ်ပြန်ရောက်ချိန်တွင် မူးဝေ ခြင်း၊အော့အံခြင်း၊ဝမ်းသွာခြင်းစသော လက္ခဏာများဖြစ်ပေါ်လာခဲ့ကြောင်း၊သို့ဖြစ်၍ လူ ၃၀ခန့်ကို ယင်းတော် တိုက်နယ် ဆေးရုံသို့ တင်ပို့ထားပြီး ကျန်လူများကို မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းတွင် ဆေးခန်းဖွင့်လျက် ပျော်ဘွယ်မြို့နယ် နှင့်အနီးဝန်းကျင်ကျေးရွာအုပ်စုပိုင်ဆေးခန်းများမှ ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်းများ လာရောက်ကြပ်မတ် ကုသပေးလျက်ရှိကြောင်း ရှမ်းစု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးမောင်က ရှင်းပြသည်။


'' အစာအဆိပ်သင့်တဲ့ အထဲမှာ လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်း အမျိုးသမီးတွေ များတယ်။ လောလောဆယ် အနေ အထားအရ တော့ လူနာတွေ သက်သာနေပါပြီ။ အသေအပျောက်လည်း မရှိပါဘူး ''ဟု ဦးမိုးမောင်က ဆိုသည်။ 


R-01