News

POST TYPE

POPULAR POST

သြင်္ကန်အကြိုနေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရ လူနာ ၅၀ ကျော် တက်ရောက်
14-Apr-2018


မန္တလေး၊ ဧပြီ ၁၄

သြင်္ကန်အကြိုနေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိကာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ကုသသူ လူနာ ၅၀ ကျော်ရှိခဲ့ကြောင်း အဆိုပါဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က ပြောကြားသည်။

ဆေးရုံသို့ တက်ရောက်ကုသသူများမှ မော်တော်ယာဉ်တိုက်မိခြင်း၊ဆိုင်ကယ်လဲခြင်း၊အရက်သေစာသောက်စားကာ ထိခိုက်ဒဏ်ရာရရှိခြင်း၊ခိုက်ရန်ဖြစ်ပွားခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"ဒီအချိန်အထိတော့ ကြီးကြီးမားမားထိခိုက်ပြီးရောက်လာတဲ့လူနာ မရှိသေးပါဘူး။တခြားဆေးရုံကနေ လွှဲပြောင်းလာပို့တဲ့ လူနာတွေရောဆိုရင်တော့ အားလုံး တစ်ရာနီးနီးရှိပါတယ်"ဟု ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့၏မှုခင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများဖြင့် ဆေးရုံရောက်ရှိလာသူ အရေအတွက်မှာ ၅၅ ဦး ရှိကြောင်း၊အများစုမှာ ယာဉ်မတော်တဆမှုများ ဖြစ်ပြီ ခိုက်ရန်ဖြစ်ပွားထိခိုက်ဒဏ်ရာ ရရှိသူများလည်း ပါဝင်ကြောင်း ဆေးရုံ တာဝန်ကျ ရဲတပ်ဖွဲ့ ဝင် တစ်ဦးက ပြောကြားသည်။

မန္တလေးဆေးရုံကြီးတာဝန်ရှိသူများအနေဖြင့် သြင်္ကန်ပွဲတော်ကာလအတွင်း အရေးပေါ်ကုသဌာန၊ မျက်နှာနှင့်မေးရိုး ကုသဌာန၊ ဦးနှောက်နှင့်အာရုံကြောကုသဌာနတို့တွင် ဆေးဝါးပိုမိုချထားပေးခြင်း၊ဆရာဝန်၊သူနာပြုများ တာဝန်ပေးချ ထားခြင်းများဆောင်ရွက်ထားပြီး အရပ်ဖက်လူမှုကူညီရေးအသင်း ၃၀ နီးပါးကလည်း ကူညီပေးလျက်ရှိသည်။

M-04