News

POST TYPE

POPULAR POST

ချင်းတွင်းသြင်္ကန် လူငယ်တစ်ဦး ရေနစ် သေဆုံး
14-Apr-2018

မုံရွာ၊ ဧပြီ ၁၄


စစ်ကိုင်းတိုင်းအစိုးရ စီစဉ်မှုဖြင့်ကျင်းပသော မုံရွာချင်းတွင်းသြင်္ကန်တွင် ချင်းတွင်းမြစ်သဲသောင်ခုံ၌ ရေကစားသူ အသက် ၁၅နှစ်ရှိ လူငယ် တစ်ဦး ရေနစ်ခဲ့၍ဆယ်ယူကာ မုံရွာဆေးရုံသို့တင်ပို့ကုသစဉ် ယနေ့မွန်းလွဲ ၁နာရီ ၃၀မိနစ်ခန့်က သေ ဆုံးခဲ့ကြောင်း မုံရွာမြို့မစခန်းထံမှသိရသည်။


မန္တလေးတိုင်းမြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ဒုံတင်ကျေးရွာနေ မောင်သန့်ဇင်ဦးသည် အဌမတန်းဖြေထားသူဖြစ်ပြီး ဆွေမျိုး များနှင့် ချင်းတွင်းသြင်္ကန်ကို လာလည်ရာမှ နံနက် ၁၁နာရီ ၃၀မိနစ်က ဦးလေးနှင့်အတူ ရေကစားစဉ် ၁၅ မိနစ်ခန့်အကြာ ရေနစ်ခဲ့သဖြင့် နီးစပ်သူများက ဝိုင်းဝန်းဆယ်ယူ၍ မုံရွာဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးခြင်းဖြစ်ကြောင်း တာဝန်မှူးက ပြောကြားသည်။


“သူတို့အရပ်က ရေကူးစရာ မရှိဘူး။ဒီမနက်ကမှ ရေပက်ခံရင်း လိုက်ထရပ်နဲ့လာကြတာ။သတ်မှတ်နေရာမှာပဲ ကူးတယ်။ နစ်တဲ့နေရာက လေးပေအနက်မှာ သောက်စားထားတော့ မဟန်နိုင်ဘဲ နစ်သွားတာပါ။ဘေးကဆယ်ပေမဲ့ ဆေးရုံးမှာ ရောက်တော့ သေသွားတယ်”ဟု မြို့မစခန်းမှ တာဝန်မှူးက ဆိုသည်။


မုံရွာဆေးရုံကြီးတွင် အလောင်းအား စစ်ဆေးမှုများ ပြုလုပ်ပြီး မိဘများထံ အကြောင်းကြားထားကြောင်း မြို့မစခန်းထံမှ သိရသည်။