News

POST TYPE

POPULAR POST

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦး ပြန်လွှဲပြောင်းရေးကိစ္စ နှစ်ဘက်တပ်မှူးများ ဆွေးနွေး
14-Apr-2018
စစ်တွေ၊ ဧပြီ ၁၄ 

မောင်တောမြို့နယ် ကျောက်ပန္ဒူရဲကင်းစခန်း၏ အနောက်မြောက်ဖက် ၂ မိုင် ခန့်အကွာ ပင်လယ်ကမ်းခြေအတွင်း ငါးဖမ်း စက်လှေများမှဖမ်းဆီးခံရသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦးကို မြန်မာနိုင်ငံဘက်က ပြန်လည်လွှဲပြောင်းရေး ကိစ္စရပ်များကို နှစ်ဘက်တပ်ရင်းမှူးများ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ၁၁ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ၁၀ဦး တက် ရောက်ခဲ့ပြီး နှစ်နိုင်ငံတပ်ရင်းမှူးများသည် ဧပြီလ ၁၃ ရက်၊နံနက် ၁၁ နာရီကျော်က ဘင်္ဂလာဒေ့ရု်နိုင်ငံ၊တက္ကနာ့်ဖ်မြို့ Teknaf Land Port House စခန်း၌ တွေ့ဆုံးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ဆွေးနွေးပွဲ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦး ပြန်လည်လွှဲပြောင်းလက်ခံရေးကိစ္စများအပြင် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး နေရပ်စွန့်ခွာ ဘင်္ဂါလီများနှင့်ပတ်သက်၍ ကိစ္စများ၊တရားမဝင် မှောင်ခိုစက်လှေများအား ပူးပေါင်းဖမ်းဆီးနိုင်ရေးနှင့် ARSA အကြမ်းဖက်အဖွဲ့လှုပ်ရှားမှုနှင့်ပတ်သက်ပြီး စသည်များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ 

ထို့အပြင် နှစ်နိုင်ငံနယ်စပ်တွင် ဘင်္ဂါလီများ တရားမဝင်ဝင်ရောက်နေထိုင်နေကြသော ကိစ္စများနှင့် ပတ်သက်၍ အောက် ခြေအဆင့် သတင်းဖက်လှယ်နိုင်ရေးအတွက် တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များကို အပြန်အလှန် ပေးပို့ထားရေး ကိစ္စများ နှင့်နှစ်နိုင်ငံမူးယစ်ဆေးဝါးအန္တရာယ် ပူးပေါင်းကာကွယ်တားဆီးဆောင်ရွက်မည့် ကိစ္စများပါ ဆွေးနွေးခဲ့ကြောင်း ထုတ် ပြန်ချက်က ဆိုသည်။

R-22