News

POST TYPE

POPULAR POST

လေပြင်းတိုက်ခတ်မှုကြောင့် လက်ပံတောင်းတောင်စီမံကိန်းရှိရာ ဆည်တည်းရွာမှ လူနေအိမ် ၂၀ကျော် ပျက်စီး
14-Apr-2018


မုံရွာ၊ ဧပြီ ၁၄

သြင်္ကန်အကြိုနေ့ ညနေပိုင်းက တိုက်ခတ်ခဲ့သည့်လေပြင်းကြောင့် ဆားလင်းကြီးမြို့နယ် ဖောင်းကတာကျေးရွာအုပ်စု၊ ဆည် တည်းရွာဟောင်းရှိ မူလတန်းကျောင်း တစ်ကျောင်းနှင့်လူနေအိမ် ၂၀ကျော်ပျက်စီးခဲ့ကြောင်း ဖောင်းကတာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရွှေက ပြောကြားသည်။

“အမိုးလန်တာ၊ခေါင်ကျွတ်ပါတာတွေ စာရင်းကောက်နေပါတယ်။၂၀ကျော်တော့ရှိမယ်။အိမ်ထောင်စု ၂၃စုလောက်ရှိမယ်။ မြို့နယ်ကိုတင်ပြပြီး အကူအညီ ပေးပါ လိမ့်မယ်”ဟု ဦးရွှေက ဆိုသည်။

ဧပြီလ ၁၃ ရက်၊ညနေ ၅နာရီက နာရီဝက်ကျော်ကြာလေထန်ခြင်းမိုးကြီးခြင်းကြောင့် နေအိမ်များ အိမ်ခေါင်မိုးသွပ်လွင့်ပါ ပျက်စီးခြင်း၊သိုးခြံ ဆိတ်ခြံ နွားစာတိုက်ပြိုခြင်း၊သစ်ပင်လဲခြင်း၊ကျိုးကျခြင်းများ ကြုံတွေ့ရပြီး ဧပြီလ ၁၄ ရက် မနက်ထိ ကူညီရှင်းလင်းသူများ ရောက်မလာ၍ကိုယ်ထူကိုယ်ထ ရှင်းလင်းနေရကြောင်း ရွာခံများက ပြောကြားသည်။

တိုင်းဒေသကြီးကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ 
တိုင်းဦးစီးမှုး ဦးစဝီလီယံဖရန့်က အမိုးလန်ပျက်စီးမှုများကို သွပ်အချပ်ရေအလိုက် တစ်သောင်းမှ ခုနစ်သောင်းထိ ထောင်ပံ့ပေးမည်ဟု ပြောကြားခဲ့ပြီး ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ရာ ဆက်သွယ်၍မရခဲ့ပေ။

ကြေးနီစီမံကိန်းကြောင့် လိပ်ခွံတောင် တောင်ပလုပ်နှင့် လေကာတောများ ပျက်စီးသွား၍ လေပြင်းများ ရွာထိ ကျရောက်ကာ ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ ဒေါ်ပြုံးက ဆိုသည်။