News

POST TYPE

POPULAR POST

သြင်္ကန်အကြိုနေ ရန်ကုန်ဆေးရုံးကြီးအရေးပေါ်သို့ လူနာ ၁၀၀ ကျော်ရောက်ရှိ
14-Apr-2018

ရန်ကုန်၊ဧပြီ ၄ 


သြင်္ကန်အကြိုနေ့ဖြစ်သော ဧပြီလ ၁၃ ရက်နေ့က ယာဉ်မတော်တဆမှုနှင့်ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ တက်ရောက်ကုသသည့် လူနာ ၁၅၉ ဦးရှိကြောင်း အဆိုပါဆေးရုံမှဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂ ီမြင့်က ပြောကြားသည်။


“သေဆုံးလူနာ ရောက်တာ မရှိဘူး။ ကြည်မြင်တိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ ရေကစားမဏ္ဍပ်ကို ယာဉ်တစ်စီးက ဝင်တိုက်မိလို့ ပြင်းထန် ဒဏ်ရာ ရသွားတဲ့ လူနာနှစ်ယောက်ကို ကုပေးနေရတယ်။တစ်ဦးကတော့ ညက ဆုံးသွားတယ် ” ဟု ၎င်းက ဆိုသည်။ 


အဆိုပါ ထိခိုက်ဒဏ်ရာရရှိမှုပမာဏသည် ရန်ကုန်ဆေးရုံကြီး တစ်ခုတည်း၏ စာရင်းဖြစ်သည်။


ဆေးရုံကြီးအရေးပေါ်ဌာနသို့ တက်ရောက်ကုသသူများအနက် ယာဉ်မတော်မှုကြောင့် တက်ရောက်ကုသသူ ၅၁ဦး၊ ခိုက်ရန်ဖြစ်ပွားမှုနှင့်အခြားမတော်တဆမှုကြောင့်တက်ရောက်ကုသသူ ၁၀၀ ကျော်ရှိကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနထံမှ သိရသည်။


သြင်္ကန်ကာလအတွင်း သွေးထွက်သံယိုကိစ္စနှင့် လူအစုအပြုံလိုက် ထိခိုက်အန္တရာယ် ကြုံတွေ့ပါက အရေးပေါ် ကုသပေးရန် ဝန်ထမ်းအင်အား တိုးမြင့်ထားကြောင်း ရန်ကုန်တိုင်းကုသရေးဦးစီးဌာနထံမှ သိရသည်။ 


ယခင်နှစ်သြင်္ကန်တွင်းက ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ ထိခိုက်ဒဏ်ရာရရှိပြီး တက်ရောက်ကုသ သူများအနက်မှ သေဆုံးသူ ၉ ဦးခန့် ရှိကြောင်း ယင်းဆေးရုံမှတ်တမ်းများအရ သိရသည်။ 


J-17