News

POST TYPE

POPULAR POST

ကမ္ဘာ့ဖလားပြိုင်ပွဲ၌ VAR စနစ်ဖြင့် ရရှိသော ဂိုးအတွက် သတ်မှတ်ဇုန်ဧရိယာအတွင်းတွင် အောင်ပွဲခံရမည်ဟု ဖီဖာ သတင်းထုတ်ပြန်
14-Apr-2018

ဇူးရစ်ချ်၊ ဧပြီ ၁၄

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)နည်းပညာအကူအညီဖြင့် ရရှိသောသွင်းဂိုးအတွက် အောင်ပွဲခံရာတွင် သတ်မှတ်ပေးထားသော ဇုန်ဧရိယာ၌သာ အောင်ပွဲခံရမည်ဟု သတင်းထုတ်ပြန် ကြေညာလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဖီဖာသည် နည်းပြများအတွက် သတ်မှတ်ဧရိယာဇုန်တစ်ခု မျဉ်းဆွဲသတ်မှတ်ပေးထားသကဲ့သို့ VAR စနစ်ဖြင့် ရရှိသောဂိုးအတွက် အောင်ပွဲခံရန်နေရာကိုလည်း သီးသန့်စီစဉ်ပေးထားမည်ဖြစ်ပြီး ယင်းသတ်မှတ်ဇုန်ဧရိယာမှာ ကစားသမား ၁၁ ဦးလုံး ဝင်ရောက်နေရာယူနိုင်ရန် ကျယ်ဝန်းလိမ့်မည်ဟု ဖီဖာက ရှင်းပြထားသည်။

အသင်းတစ်သင်း၏ကစားသမားများသည် ၎င်းတို့အသင်း သွင်းယူလိုက်သောဂိုးကို VAR နည်းပညာဖြင့် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်လာခဲ့ပါက ယင်းဧရိယာဇုန်အတွင်းဝင်ရောက်ကာ ဒိုင်လူကြီး၏အပြီးသတ်ဆုံးဖြတ်ချက် ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းရလိမ့်မည်ဖြစ်ပြီး ဒိုင်လူကြီးက ဂိုးအဖြစ် သတ်မှတ်ခွင့်ပြုလိုက်မည်ဆိုပါက ယင်းဧရိယာဇုန်အတွင်း၌ပင် အောင်ပွဲခံမှုကို လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။

ဖီဖာသည် VAR စနစ်၏အဆုံးအဖြတ်ဖြင့် ရရှိသောသွင်းဂိုးအတွက် အောင်ပွဲခံရန် သတ်မှတ်ပေးထားသည့် ဇုန်ဧရိယာကို “အထူးအောင်ပွဲခံဇုန်”ဟု အမည်ပေးအပ်မှည့်ခေါ်ထားပြီး VAR စနစ်၏အဆုံးအဖြတ်ဖြင့် ရရှိသောသွင်းဂိုးအတွင် ယင်းဇုန်ဧရိယာအတွင်းတွင် အောင်ပွဲခံရန် အမြင့်ဆုံးခွင့်ပြုမည့်အချိန်ပမာဏမှာ စက္ကန့် ၃၀ သာဖြစ်သည်။

VAR စနစ်၏အဆုံးအဖြတ်ဖြင့် ရရှိသောသွင်းဂိုးအတွက် အောင်ပွဲခံရာတွင် စည်းကမ်းပိုင်းဆိုင်ရာဖောက်ဖျက်မှုများဖြစ်ပေါ်လာခဲ့ပါက အဝါကတ်ပြသ သတိပေးခြင်းခံရလိမ့်မည်ဖြစ်ပြီး အောင်ပွဲခံရာတွင် စက္ကန့် ၃၀ ထက် ပိုမိုအောင်ပွဲခံသည့်ကစားသမားနှင့် သတ်မှတ်ပေးထားသော ဇုန်ဧရိယာ၏အပြင်ဘက်သို့ထွက်၍ အောင်ပွဲခံသောကစားသမားကို ဒိုင်လူကြီးက အဝါကတ်ပြသ အရေးယူလိမ့်မည်ဖြစ်သည်။



  • VIA