News

POST TYPE

POPULAR POST

အဓမ္မပြုကျင့်ခဲ့မှုတစ်ခုအတွက် လုကာကု၏အစ်ကိုဝမ်းကွဲဖြစ်သူ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရ
14-Apr-2018

မန်ချက်စတာ၊ ဧပြီ ၁၄

မန်ယူတိုက်စစ်မှူး လုကာကု၏အစ်ကွဲဝမ်းကွဲတော်စပ်သူ ကာဗူအန်ဒါသည် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်စော်ကားခဲ့သည့်အတွက် ထောင်ဒဏ်ငါးနှစ် ချမှတ်အရေးယူခံလိုက်ရပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

ကာဗူအန်ဒါသည် ဘယ်လ်ဂျီယံဂီတလောကတွင် နေရာတစ်ခု အခိုင်အမာရရှိနေပြီဖြစ်သော ZwartWerk ဟစ်ဟော့ပ်အဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပရိသတ်များကမူ ၎င်းကို အနုပညာအမည်ဖြစ်သော ကာလီဖြင့်သာ ပိုမိုသိရှိကြသည်။

ကာဗူအန်ဒါသည် အန်ဒိုရာနိုင်ငံသို့သွားရောက်၍ စကိတ်စီးအပန်းဖြေခရီးထွက်စဉ်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်စော်ကားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်ခံရကြောင်း တိုင်ကြားသူမှာ ဘယ်လ်ဂျီယံနိုင်ငံသူ ကျောင်းသူတစ်ဦးဖြစ်သည်။

အမှုတိုင်ကြားသူ ဘယ်လ်ဂျီယံနိုင်ငံသူ ကျောင်းသူသည် သူမမှာ ZwartWerk ဟစ်ဟော့ပ်အဖွဲ့၏အဖွဲ့ဝင်တစ်ဦးနှင့် အလိုတူအလိုပါ လိင်ဆက်ဆံခဲ့သည်ဟု တရားရုံးတော်တွင် ထွက်ဆိုခဲ့ပြီး အခြားသောတစ်ဦးကမူ သူမ အိပ်ပျော်နေစဉ်တွင် သူမ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ပြုကျင့်သည်ကို နောက်ထပ်တစ်ဦးက ရုပ်သံရိုက်ကူး၍ မှတ်တမ်းတင်ကာ သူမကို ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါကျောင်းသူက ဆက်လက်ပြောကြားသွားခဲ့သည်။

အဓမ္မပြုကျင့်စော်ကားခြင်းခံခဲ့ရသော ဘယ်လ်ဂျီယံကျောင်းသူသည် အမျိုးသားလေးဦးနှင့်အတူ ဝိုင်းဖွဲ့စားသောက်ပြီးနောက် သူမ သဘောကျနှစ်ခြိုက်သူနှင့် အတူနေရန် ဟိုတယ်သို့ လိုက်ပါသွားခဲ့ခြင်းဖြစ်ပြီး အမှုတည်ဆောက်စစ်ဆေးရာတွင် အမျိုးသမီးငယ် အိပ်ပျော်နေစဉ်၌ သူမ၏သဘောဆန္ဒမပါဘဲ အဓမ္မကျူးလွန်ခဲ့သူမှာ လုကာကု၏ဝမ်းကွဲအစ်ကိုဖြစ်ကြောင်း အဖြေပေါ်လာခဲ့ခြင်းဖြစ်သည်။

လုကာကု၏ဝမ်းကွဲအစ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကစ၍ အမှုရင်ဆိုင်နေခဲ့ရခြင်းဖြစ်ကာ ချမှတ်ခံရသည့် ထောင်ဒဏ်မှာ ငါးနှစ်ဖြစ်သော်လည်း အကျဉ်းထောင်အတွင်းတွင် အမူအကျင့်ဆင်ခြင်ကာ ကောင်းမွန်စွာနေထိုင်ခဲ့မည်ဆိုပါက ၂ နှစ်အတွင်း ၎င်းမှာ ပြန်လည်လွတ်မြောက်လာလိမ့်မည်ဖြစ်သည်။



  • VIA