POST TYPE
POPULAR POST
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗြိတိန်၊ ပြင်သစ်တို့နှင့် ပူးပေါင်းပြီး ဆီးရီးယား တိုက်ခိုက်ရန် အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဧပြီလ ၁၃ ရက်နေ့ ညပိုင်းတွင် အမေရိကန် နှင့် မဟာမိတ်များက စတင် တိုက်ခိုက်ခဲ့ပြီး တစ်ညတည်း တိုက်ခိုက်မှုမျိုး မဟုတ်ကြောင်း အစိုးရထိပ်တန်း တာဝန်ရှိသူတစ်ဦးက CNN သတင်းဌာနသို့အတည်ပြုသည်။
ဆီးရီးယားမြို့တော် ဒမ္မစကတ် ကောင်းကင်ယံသို့ ဆီးရီးယားအစိုးရဘက် မှ လေယာဉ်ပစ် ဒုံးတစ်စင်း ပစ်လွှတ်လိုက်ပုံကို အေပီသတင်းဌာနက ရိုက်ကူးနိုင်ခဲ့သည်။ ဆီးရီးယားအစိုးရက ဒမ္မစကတ်မြို့ ဘာဇာအရပ်ရှိ သုတေသနစင်တာတိုက်ခိုက်ခံရကြောင်း၊ ဒမ္မစကတ်ဆင်ခြေဖုန်းတွင် လည်း လေကြောင်းမှ တိုက်ခိုက်ခံရကြောင်း ထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သည့်အပတ်က ဆီးရီးယားနိုင်ငံ ဒူမာမြို့တွင် ဖြစ်ပွားခဲ့သော ဓာတုလက်နက်သုံးတိုက်ခိုက်မှုများအပေါ် တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ပြင်သစ် နဲ့ ဗြိတိန် တပ်မတော်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးစတင်နေပါပြီ” ဟု အမေရိကန်သမ္မတ က နိုင်ငံသို့ ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ဆင်ရေးအတွင်း အမေရိကန်၏ စစ်သင်္ဘောများနှင့် လေယာဉ်များ အသုံးပြုနေကြောင်း အမေရိကန်စစ်ဘက် တာဝန်ရှိသူများက အတည်ပြုသည်။
ဗြိတိန်ဝန်ကြီးချုပ် ထရေဆာမေက “အင်အားသုံးရန်မှ တစ်ပါး အခြားရွေးချယ်စရာမရှိသောကြောင့်” ဗြိတိန်ပါ ပါဝင်လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သို့သော်လည်း ယခုတိုက်ခိုက်မှုသည် အစိုးရ အပြောင်းအလဲ လုပ်ရန် အထိ မဟုတ်ဟု အတည်ပြုခဲ့သည်။
အမေရိကန်သမ္မတ ကလည်း ဓာတလုက်နက်များ ထုတ်လုပ်၊ ဖြန့်ဖြူး အသုံးပြုမှုကို ဟန့်တားနိုင်ရန်ဖြစ်သည်ဟု ပြောကားခဲ့သည်။
ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်အသုံးပြုမှုများ မရပ်တန့်မခြင်း ဆက်လက်တိုက်ခိုက်သွားမည်ဟု ထရမ့်က ကြေညာခဲ့သည်။
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019