News

POST TYPE

POPULAR POST

ဘာစီလိုနာထံသို့ပြောင်းရွှေ့ရန် ဂရစ်ဇ်မန်း သဘောတူညီထားပြီဖြစ်
14-Apr-2018

ဘာစီလိုနာ၊ ဧပြီ ၁၀

အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရန် သဘောတူညီလိုက်ပြီဖြစ်ပြီး ဂရစ်ဇ်မန်းအတွက် အက်သလက်တီကိုဘက်က သတ်မှတ်ထားသော စာချုပ်ဖျက်သိမ်းခတန်ကြေး ပေါင် ၈၈ သန်းကို ပေးချေလိုက်ရန်လည်း ဘာစီလိုနာက ဆုံးဖြတ်ထားပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

ဂရစ်ဇ်မန်းသည် မန်ယူ၏ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချ၍ ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရန် သဘောတူလိုက်ခြင်းဖြစ်ပြီး လက်ရှိဘောလုံးရာသီပြီးဆုံးသည်နှင့်တစ်ပြိုင်နက် အပြောင်းအရွှေ့ကိစ္စရပ်ကို အပြီးသတ်နိုင်ရန် ဘာစီလိုနာနှင့် ဂရစ်ဇ်မန်းတို့က ဆောင်ရွက်သွားတော့မည်ဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီထံသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သည့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ထိပ်တန်းအဆင့်တိုက်စစ်မှူးတစ်ဦးခေါ်ယူရန် အစီအစဉ်ရေးဆွဲနေပြီဖြစ်ကာ လက်ရှိတွင် ဂရစ်ဇ်မန်းကို ခေါ်ယူရရှိနိုင်ရန် မလွယ်ကူတော့သည့်အတွက် အခြားသောတိုက်စစ်မှူးတစ်ဦးကို မန်ယူက ပြောင်းလဲပစ်မှတ်ထားရတော့မည်ဖြစ်သည်။

ဂရစ်ဇ်မန်းသည် ၎င်းအနေနှင့် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို စိတ်အာရုံပျံ့လွင့်မှုမရှိဘဲ ကစားလိုသည့်အတွက် အနာဂတ်နှင့်သက်ဆိုင်သည့် အကြောင်းအချင်းအရာများအားလုံးကို ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘာစီလိုနာမှာ ဂရစ်ဇ်မန်းကိုခေါ်ယူရရှိပါက တိုက်စစ်ပိုင်းဆိုင်ရာကို ဗျူဟာအပြောင်းအလဲတစ်ရပ် လုပ်ဆောင်သွားဖွယ်ရှိနေသည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။



  • VIA