News

POST TYPE

POPULAR POST

ဘိန်းဖြူသယ်လာသူ အမျိုးသမီး တစ်ဦးကို ဖမ်းမိ
13-Apr-2018

မုံရွာ၊ဧပြီ ၁၃


စစ်ကိုင်းတိုင်း မုံရွာမြို့ စက်မှုဇုံရပ်ကွက်တွင် သြင်္ကန်အကြိုနေ့ ဧပြီလ ၁၃ရက်၊မွန်းလွဲပိုင်းက ဘိန်းဖြူမှုန့်များ ရောင်းချရန် သယ်ဆောင်လာသူ အမျိုးသမီး တစ်ဦးကို နယ်မြေရဲနှင့်အထူးမူးယစ်တပ်ဖွဲ့တို့က ဖမ်းဆီးရမိကြောင်း နယ်မြေစခန်းမှူး ရဲအုပ် ဆန်းလင်းက ပြောကြားသည်။


သတင်းအရစောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူ အသက် ၄၃ နှစ်ရှိ မကြည်ကြည်ဝင်း(ခ)မိုးရီကို တားဆီးစစ်ဆေးရာ စလင်းဘက်အတွင်းမှ ဘိန်းဖြူမှုန့် ၁၂ ဂရမ်ပါ ပလပ်စတစ်အိတ်ကို ထည့်ထားသည့် love is flower စာတန်းပါ အပြာ ရောင် ဆပ်ပြာခွက် တစ်ခု၊Oppo လက်ကိုင်ဖုံး တစ်လုံး ငွေကျပ် ၃၅၀၀၀ တို့ကို တွေ့ရှိသိမ်းဆည်းရမိခြင်းဖြစ်သည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါအမျိုးသမီးကို အမှတ်၂နယ်မြေစခန်းတွင် အမှုဖွင့်ရန် စီစဉ်လျက်ရှိကြောင်း ရဲအုပ် ဆန်းလင်းက ပြောကြားသည်။


R-08