News

POST TYPE

POPULAR POST

ကျိုင်းတုံတွင် အမျိုးသမီး တစ်ဦး သေနတ်ပစ်ခံရ
13-Apr-2018

ကျိုင်းတုံ၊ဧပြီ ၁၃


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊နောင်ကန်ရွာရှိ နေအိမ်တစ်လုံးတွင် ဧပြီလ ၁၂ ရက်၊ည ၈ နာရီ ၃၀ မိနစ်ခန့်က အမျိုးသမီး တစ်ဦး သေနတ်ပစ်ခံရ၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ပြော ကြားသည်။


"တရားခံအမျိုးသားက သူ့ ညီမအိမ်ထောင်ကွဲအောင် အဲဒီအမျိုးသမီးက လုပ်တယ်ဆိုပြီး တူမီးသေနတ်နဲ့ လာပစ်တာပါ။ တရားခံက ထွက်ပြေးလွတ်မြောက် သွားပေမယ့် သက်သေခံ တူမီးသေနတ် အတိုကျန်ခဲ့လို့ သိမ်းဆည်းရမိထားတယ်"ဟု ၎င်းက ဆိုသည်။


အဆိုပါရက်က ယင်းကျေးရွာနေအသက် ၃၈နှစ်ရှိ ဒေါ်နာထီးသည် နေအိမ်၌ ရှိနေစဉ် အသက် ၃၅ နှစ်ရှိ ကျလားက တူမီး သေနတ်ဖြင့် ပစ် ခတ်ခဲ့ရာ ဝဲဘက်လက်မောင်းနှင့်ဝဲဘက်နံရိုးဘေးတို့ သေနတ်မှန်ဒဏ်ရာ တစ်ချက်စီ ရရှိခဲ့၍ ကျလားကို (ပ)၁၀၀/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၅၈/၃၀၇ ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။


R-16