News

POST TYPE

POPULAR POST

ကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်၊ အမျိုးသားတစ်ဦး သေဆုံး
13-Apr-2018

တောင်ငူ၊ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၉ ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့တွင် ဧပြီလ ၁၂ ရက်၊ညနေ ၅ နာရီခွဲခန့်က အီဇူဇူးကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာမှ အမျိူးသားတစ်ဦး သေဆုံးခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ကုန်တင်ယာဉ်ပေါ်မှာ မီးစက်ကြီးသယ်ဆောင်လာတာပါ။ သေဆုံးသူဆိုင်ကယ်သမားက အုတ်တွင်းမြို့နယ် ဝဲဒေါင့်ကျေးရွာကလို့စုံစမ်းသိရှိရပါတယ်”ဟု တောင်ငူမြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ညနေပိုင်းက ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မြောက်မှတောင်သို့အသက် ၃၀ နှစ်ရှိ ဦးဝေဖြိုးအောင် မောင်းနှင်လာသည့် အီဇူဇူးအမျိုးအစား ၆ ဘီးကုန်တင်ယာဉ်သည် လမ်းအရှေ့ဘက် ဇီးဖြူပင်ဘုန်းကြီးကျောင်းလမ်းဘက်မှလမ်းမကြီးပေါ်တက်လာသည့် ဆိုင်ကယ်ကို အရှိန်ဖြင့်ဝင်တိုက်မိရာမှဆိုင်ကယ်မောင်းသူ အသက် ၃၄ နှစ်ရှိ ဦးတင်နိုင်စိုးသည် ဦးခေါင်းပေါင်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ကုန်တင်ယာဉ်နှင့်ဆိုင်ကယ်တိုက်မိရာမှ လူသေဆုံးမှုနှင့်ပတ်သက်ပြီး ကုန်တင်ယာဉ်မောင်းနှင့် ဆိုင်ကယ်မောင်းနှင်သူတို့ကို တောင်ငူမြို့မရဲစခန်းက ယာဉ်(ပ) ၃၇/ ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်လှစ်ထားသည်။

R-15