News

POST TYPE

POPULAR POST

လိင်စိတ်ကြွဆေးနှင့်လိမ်းဆေးများ ဖမ်းမိ
13-Apr-2018


တောင်ငူ၊ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် သြင်္ကန်ကာလအတွင်း တရားမဝင်ဆေးဝါးများ ရောင်ချမှုမရှိစေရေး ရှောင်တစ်ခင် စစ်ဆေးရှာဖွေရာ အမှတ်၂ ရပ်ကွက် ဗိုလ်မှုးဖိုးကွန်းလမ်းရှိ ဆေးဆိုင်တစ်ဆိုင်တွင် တရားမဝင် လိင်စိတ်ကြွဆေးနှင့်လိမ်းဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဧပြီလ ၁၂ ရက်၊ညနေ ၅ နာရီခွဲခန့်က တောင်ငူ မြို့ အမှတ်၂ ရပ်ကွက် ဗိုလ်မှူးဖိုးကွန်းလမ်းပေါ်ရှိ မြင့်မြတ်ဆေးဆိုင်တွင် တရားမဝင် လိင်စိတ်ကြွဆေးများ ရောင်းချနေကြောင်း သတင်းအရ ရှောင်တစ်ခင်စစ်ဆေးရှာဖွေရာမှ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည် လိင်စိတ်ကြွဆေးကတ် ၃၆ ကတ်၊လိမ်းဆေးဗူး၂၁ ဗူးနှင့်ဆေးထုတ် ၇ ထုပ်ကို ရှာဖွေဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အမှုနှင့်ပတ်သက်ပြီး ဆေးဆိုင်ပိုင်ရှင်ဖြစ်သူ အဂျေကူးမာရ်ကို တောင်ငူမြို့နယ် အမှတ်၂ နယ်မြေရဲစခန်းက (ပ)၃၀၃ /၂၀၁၈၊အမျိူးသားဆေးဝါးဥပဒေပုဒ်မ ၁၈/၁၉ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

R-15