News

POST TYPE

POPULAR POST

မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့အစည်းများထံသို့ ဇူကာဘတ်ဂျ် တောင်းပန်စာပို့
10-Apr-2018


နယူးယောက်၊ ဧပြီ ၁၀

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စီအီးအို မတ်ခ်ဇူကာဘတ်ဂျ်သည် မြန်မာပြည်တွင်း အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှု အဖွဲ့အစည်းခြောက်ခုထံသို့ ၎င်းကိုယ်တိုင်ကိုယ်ကျ ရေးသားထားသည့် တောင်းပန်စာများ ပေးပို့လိုက်ပြီဖြစ်ကြောင်း Engadget က ဖော်ပြထားသည်။

မြန်မာပြည်တွင်း အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှု အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်စဉ်များ၌ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကတစ်ဆင့် အမုန်းစကားဖြန့်ချိမှုများမှာ အဓိကအခန်းကဏ္ဍမှနေ၍ ပါဝင်ခဲ့သည်ဟု စွပ်စွဲပြစ်တင်ထားပြီး လက်ရှိတွင် ယင်းစွပ်စွဲချက်မှာ မှန်ကန်ပါကြောင်းလည်း ဇူကာဘတ်ဂျ်က ဖွင့်ဟဝန်ခံထားပြီဖြစ်သည်။

ဇူကာဘတ်ဂျ်သည် လက်ရှိတွင် ၎င်းတို့အနေနှင့် ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် အမုန်းကစားဖြန့်ချိခြင်းများကို ထိန်းချုပ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း အသိပေးထားသော်လည်း လူအခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့အစည်းအများကမူ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို အသုံးချ၍ အမုန်းစကားဖြန့်ချိခြင်းများမှာ ယခုအချိန်တိုင်သည်အထိ ရှိနေဆဲဖြစ်ကြောင်း ထောက်ပြထားပြီး ဇူကာဘတ်ဂျ်ကလည်း လွန်ခဲ့သောသီတင်းပတ်၌ ဖေ့စ်ဘွတ်၏ Messenger(မက်ဆင်ဂျာ)ကတစ်ဆင့် အမုန်းစကားဖြန့်ချိခြင်းများ လုပ်ဆောင်နေသည့်ဖြစ်စဉ်တစ်ခုကို ၎င်းတို့အနေနှင့် ခြေရာခံမိခဲ့ကြောင်း ပြောကြားသွားခဲ့သေးသည်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စီးပွားရေးလုပ်ငန်းစုသည် မြန်မာဘာသာစကားနှင့်သက်ဆိုင်သော ဌာနတွင် ဝန်ထမ်းများ ထပ်တိုးခန့်အပ်ခြင်းကို ဆောင်ရွက်ရန်လည်း စီစဉ်နေပြီဖြစ်ကာ ယင်းသို့လုပ်ဆောင်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ဖေ့စ်ဘွတ်ခ်သုံးစွဲသူများကို ပိုမိုဆန်းစစ်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ အမုန်းစကား ဖြန့်ချိသည့်ဖြစ်စဉ်များ စစ်ဆေးတွေ့ရှိပါက အလျင်အမြန်ပင် ရှင်းလင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စီးပွားရေးလုပ်ငန်းစုက ရှင်းပြထားသည်။


  • VIA