News

POST TYPE

POPULAR POST

အီရစ်ခ်ဆန်၏သွင်းဂိုးကို ဟယ်ရီကိန်း၏သွင်းဂိုးအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် စပါး တောင်းဆို
10-Apr-2018

လန်ဒန်၊ ဧပြီ ၁၀

စပါးအသင်းတာဝန်ရှိသူများသည် စပါးက စတုတ်စီးတီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် အသင်းကွင်းလယ်ကစားသမား အီရစ်ခ်ဆန် သွင်းယူခဲ့သော ဒုတိယမြောက်အနိုင်ဂိုးကို တိုက်စစ်မှူး ဟယ်ရီကိန်း၏သွင်းဂိုးအဖြစ် ပြောင်းလဲသတ်မှတ်ပေးပါရန် တောင်းဆိုလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

အီရစ်ခ်ဆန်သည် ယင်းပွဲစဉ်တွင် စပါးအသင်းရရှိခဲ့သော သွင်းဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးနိုင်ခဲ့ပြီး ဒုတိယမြောက်ဂိုးကို ၎င်းက ပြစ်ဒဏ်ဘောတိုက်ရိုက်ကန်သွင်းကာ ရယူပေးသွားခဲ့ခြင်းဖြစ်သည်။

သို့သော် အီရစ်ခ်ဆန်၏ယင်းပြစ်ဒဏ်ဘောကန်ချက်မှာ ဟယ်ရီကိန်း၏ပခုံးကို ထိမှန်ပြီးသည့်နောက်တွင်မှ ဂိုးဝင်သွားခြင်းဖြစ်ပြီး ယင်းအတွက် စပါးအသင်းတာဝန်ရှိသူများက ယင်းသွင်းဂိုးကို အီရစ်ခ်ဆန်၏သွင်းဂိုးအဖြစ်မှ ဟယ်ရီကိန်း၏သွင်းဂိုးအဖြစ် ပြောင်းလဲသတ်မှတ်ပေးပါရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဟယ်ရီကိန်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်၏ဂိုးအများဆုံးသွင်းယူရရှိထားသူ ကစားသမားများစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်နေပြီး ထိပ်ဆုံးနေရာတွင် ဦးဆောင်နေသော လီဗာပူးတိုက်စစ်မှူး ဆာလားဟ်နှင့် သွင်းဂိုး ငါးဂိုး ကွာဟချက်ရှိနေသည်။

ဟယ်ရီကိန်းသည် လက်ကျန်ပွဲစဉ်ခြောက်ပွဲတွင် ဆာလားဟ်ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်၏ဂိုးအများဆုံး သွင်းယူရရှိသူကစားသမား ရွှေဖိနပ်ဆုကို သုံးနှစ်ဆက်ရယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်အခိုင်အမာ ထားရှိနေဆဲဖြစ်သည်။



  • VIA