News

POST TYPE

POPULAR POST

ရန်ကုန်ရှိ တရားမဝင် တရုတ်ဆေးခန်း ၂ ခုကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်
10-Apr-2018
ရန်ကုန်၊ ဧပြီ ၁၀

ရန်ကုန်မြို့ လမ်းမတော်နှင့် လှိုင်မြို့နယ်တို့ရှိ တရားမဝင်ဖွင့်လှစ်ထားသော တရုတ်ဆေးခန်း ၂ ခုကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ရန်နောင်ထွန်းက ပြောကြားသည်။

လှိုင်မြို့နယ်မှ ရောင်နီဦး ဆေးခန်းနှင့် လမ်းမတော်မှ The Sun Clinic နေဝန်းဆေးခန်းများ၌ တရားမဝင် ဆေးဝါးများဖြင့် ကုသေးပေးနေမှုကိုသည့်အတွက် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေး ဝန်ကြီးဌာနမှ ဌာနမှူးက တရားလိုလုပ်ကာ ဆေးဝါးဥပဒေ၊ ပုဂ္ဂလိက ကျန်းမားရေးဆိုင်ရာဥပဒေတို့ဖြင့် သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားပြီး ဆေးခန်းများကို ချိတ်ပိတ်ထားကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် လှိုင်မြိ့နယ်မှ ဆေးခန်းမှ တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူကိုလည်း မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါဆေးခန်းများတွင် လိပ်ခေါင်းဆိုင်ရာရောဂါ၊ အမျိုးသားရောဂါ၊ အမျိုးသမီးရောဂါများကို မြန်မာနိုင်ငံသား အမည်ခံ၍ ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆေးခန်းများဖြစ်သည်။

ထို့ပြင်ယင်းဆေးခန်းများတွင် ကုသပေးနေသည့် ဆေးဝါးများသည် ကျန်းမားရေးထောက်ခံချက်မရှိသည့် ဆေးဝါးများအပါအဝင် ခွဲစိတ်ခန်းသုံး ပစ္စည်းမျးာ၊ လိုင်စင်ယူပြီးမှ သုံးစွဲခွင့်ရှိသည့် ခွဲစိတ်ခန်းသုံး အကြီးစား ပစ္စည်းကိရိယာများဖြစ်နေကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိဆေးခန်းများ ဥပဒေနှင့်အညီ ဖွင့်လှစ်မှုရှိမရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ဦးဆောင်၍ ကျန်းမားရေး ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် ပြည်သူ့ ကျန်းမားရေး ဦးစီးဌာနတို့မှ လမ်းမတော်၊လှိုင်၊ အင်းစိန်မြို့နယ်များရှိ ပုဂ္ဂလိက ဆေးခန်း ၈ ခုကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် ထိုဆေးခန်း ၂ ခုကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

J-18