News

POST TYPE

POPULAR POST

သံချပ်စာသားများ ဆင်ဆာအဖွဲ့သို့တင်မည်မဟုတ်ဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဆို
10-Apr-2018
ရန်ကုန်၊ ဧပြီ ၁၀

သံချပ်ဆိုသည်မှာ ပြည်သူ့အသံကို အစိုးရသိအောင်ဖျော်ဖြေတင်ဆက်ရသည့်အတွက် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ဖျော်ဖြေမည့် သံချပ်စာသားများကို ဆင်ဆာတည်းဖြတ်ရေးအဖွဲ့သို့ တင်ပြမည်မဟုတ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

“ ကျွန်တော်တို့ သံချပ်မှာ ဖျော်ဖြေမယ့် စာသားတွေအစိုးရကို တင်ပြပြီး ဖျော်ဖြေရမယ့်အရာမဟုတ်ဘူး။ ပြည်သူ့အသံကို အစိုးရသိအောင် ထုတ်ဖော်ရမယ့်အရာပါ၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိရမယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဆင်ဆာမတင်ပါဘူး ” ဟု အဆိုပါသံချပ်အဖွဲ့ အဖွဲ့ဝင် ဦးပိုင်ရဲသူကပြောကြားသည်။

ထိုအပြင် ဒေါင်းတို့မျိုးဆက်သံချပ်အသင်းမှ လက်ရှိ ပညာရေးစနစ်၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်အပါအဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပတ်သက်သည့် လတ်တလော ကြုံတွေ့နေရသည့်အရာများကို သံချပ်စာသားများအဖြစ် ယခုနှစ်သြင်္ကန်ကာလ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့ သံချပ်ပြိုင်ပွဲဝင် ဆုပေးမဏ္ဍပ်များတွင် လိုက်လံဖျော်ဖြေသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ကို ကျောင်းသားလူငယ် ၅၀ ဦးခန့်ဖြင့် ၂၀၁၃ ခုနှစ်အတွင်းက စတင် ဖွဲ့စည်းထား သည်။

J-18