News

POST TYPE

POPULAR POST

နတ်မောက်၌ လူသေအလောင်းတွေ့
10-Apr-2018

ချောက်၊ ဧပြီ ၁၀ 


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဝါပန်ကျေးရွာ အနောက်ဘက် ယာခင်းအနောက်ဘက် ရှာပင်တန်းအောက်တွင် အမျိုးသမီးအလောင်းတစ်ခုကို ဧပြီ ၉ ရက်နေ့လည်ပိုင်းက တွေ့ရှိခဲ့ကြောင်း ရွှေပန်းတောနယ်မြေရဲစခန်းထံမှ သိရသည်။


သေဆုံးသူအမျိုးသမီးသည် ပင်း-လက်ခုပ်ပင်ကျေးရွာနေ ဒေါ်တင်ဇာထွန်း (၂၅ နှစ်)ဆိုသူဖြစ်ပြီး ၎င်းသည် ဧပြီလ ၆ ရက်နေ့က ရန်ကုန်မှ ပင်း-လက်ခုပ်ပင်ကျေးရွာသို့ပြန်လာခဲ့ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နတ်မောက်မြို့နယ် ရွှေပန်းတောနယ်မြေရဲစခန်းမှ (ပ) ၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။


နေနိုင်(ချောက်)