News

POST TYPE

POPULAR POST

ကျိုင်းတုံတွင် မူးယစ်ဆေးရောင်းသည့် အမျိုးသမီးကို ဖမ်းမိ
10-Apr-2018


ကျိုင်းတုံ၊ဧပြီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် ဖနန်းဒေရွာရှိ နေအိမ်တစ်လုံးတွင် ဧပြီလ ၉ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါး ရောင်းချသော အသက် ၃၀နှစ်အရွယ် အမျိုးသမီးကို ဖမ်းမိကြောင်း ကျိုင်းတုံခရိုင် မှုခင်းအကူဌာနစိတ် တာဝန်ခံ ရဲအုပ်ညီဝင်းကျော်က ပြောသည်။

"မူးယစ်ဆေးဝါးရောင်းနေတဲ့ သူတို့အိမ်ကို ရှာဖွေတော့ ယောကျာ်းက ထွက်ပြေးသွားလို့ မိန်းမကိုပဲ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တယ်။လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက မူးယစ်ဆေးဝါး ရောင်းချနေတာလို့ သိရပြီး တိုက်အိမ်တောင် စပယ်ရှယ် ဆောက်ထားတယ်"ဟု၎င်းကဆိုသည်။

အဆိုပါ နေအိမ်ကို တာဝန်ရှိသူများဝင်ရောက်ရှာဖွေရာ ခင်ပွန်းဖြစ်သူ ဦးကျအေ(ခ)ကျအူ(၃၅နှစ်)မှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဒေါ်နာဟယ်(၃၀နှစ်)ကိုသာ စိတ်ကြွဆေးပြား ၅၇၁ပြားနှင့် ကျပ်၈၇၀၀၀၊ ခဲစက္ကူတို့ကို သိမ်းဆည်းရမိကြောင်း၊ ၎င်းတို့နှစ်ဦးကိုမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၁၉(က)၂၀(က)/၂၁ ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16