News

POST TYPE

POPULAR POST

ဘန်ကောက်သို့သွားရောက်မည့် မြန်မာလုပ်သားများ တင်ဆောင်လာသော ကားမှောက်၍ ၁၂ ဦး သေဆုံး
10-Apr-2018

ရန်ကုန်၊ ဧပြီ ၁၀


မဲဆောက်မြို့မှ ဘန်ကောက်သို့ MOU ဖြင့် တရားဝင် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၄၀ ဦးလိုက်ပါလာသော နှစ်ထပ် ဘတ်စ်ကားသည် ဧပြီလ ၉ ရက် ည ၁၀ နာရီက ကားဘီးပေါက်၍ တိမ်းမှောက်ခဲ့ရာ မြန်မာအလုပ်သမား ၁၂ ဦးသေဆုံးပြီး၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်းများအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


“ကားလေးစီးမှာ နောက်ဆုံးကားက တာရာကွဲပြီးမှောက်တာ မနက်လေးနာရီးကဖုန်းဆက်တာ ဒဏ်ရာရတာ လူ ၂၀ လောက်ရှိတယ် ။သေတာ ၈ယောက်ရှိတယ်လို့ လှမ်းပြောတယ်။ ကားပိပြီးသေကြတာ ၊မနေ့က သူကုမ္ပဏီက အလုပ်သမားတွေအများကြီးစေလွှတ်တာအများကြီးဘဲ နောက်ပြောင် နေကြတယ်။ အခုလို့ဖြစ်တော့ စိတ်မကောင်းဘူး”ဟု ၎င်းကပြောကြားသည် ။


ထိုင်းနိုင်ငံ ၊ချာချင်ဆောင်မြို့ရှိ ကွန်ပျူတာ ပစ္စည်း ထုတ်လုပ်သည့် စက်ရုံတွင် သွားရောက်လုပ်ကိုင်မည့် အဆိုပါ မြန်မာလုပ်သားများကို Golden Royal Mandalay ကုမ္ပဏီကတာဝန်က တာဝန်ယူစေလွှတ်ခဲ့ပြီး ကားတစ်စီးကို လူလေးဆယ်ဦးဖြင့် နှစ်ထပ်ဘတ်စ်ကားလေးစီးတွင် ကျား ၂ စီး၊ မ ၂ စီးခွဲ၍ လုပ်သားပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။


ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးခင်အောင်မြင့်သို့ The voice ကဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်တို့ အခုလူစာရင်းတွေကို လုပ်နေတယ် ။ သေတဲ့သူလည်းရှိတယ်။ မှောက်တာက မိန်းကလေးအလုပ်သမားပါတဲ့ကားမှောက်တာ ။မေးလို့မရသေးဘူး စာရင်းကို အတည်မပြုနိုင်သေးဘူး”ဟု ၎င်းကပြောကြားသည်။


လက်ရှိတွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူမျးာကို အလုပ်သမားသံအရာရှိများအပါအဝင်၊ ရဲအရာရှိများမှ တာ့ခ်မြို့ ဆေးရုံးသို့ ပို့ဆောင်ထားသည်။


J-18