News

POST TYPE

POPULAR POST

မန္တလေးသြင်္ကန်တွင် ကျောင်းသားသမဂ္ဂများစုပေါင်း၍ သံချပ်ပြိုင်မည်
09-Apr-2018


မန္တလေး၊ ဧပြီ ၉


မန္တလေးသြင်္ကန်ပွဲတော်တွင် မြန်မာနိုင်ငံတက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂများစုပေါင်းကာ ရွှေလက်ညိုးသံချပ်အဖွဲ့အဖြစ် ပြိုင်ပွဲဝင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ယင်းကျောင်းသားများထံမှ သိရသည်။


ပုသိမ်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ကန့်ဘလူနည်းပညာကျောင်းသားများ၊ တောင်ငူတက္ကသိုလ် စသည့် ဒေသပေါင်းစုံမှ ကျောင်းသားသမဂ္ဂကျောင်းသားများပူးပေါင်းကာ ရွှေလက်ညှိုးသံချပ် အမည်ဖြင့် ဖျော်ဖြေသွားမည်ဖြစ်သည်။ 


"ဒီနှစ် သံချပ်စာသားတွေထဲမှာတော့ ကဏ္ဍတော်တော်စုံပါတယ်၊ ကျန်းမာရေး ပညာရေးပါမယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ တရားစီရင်ရေးအပိုင်းတွေလည်းပါမယ်၊ အစိုးရနဲ့ လွှတ်တော်အပိုင်းတွေ၊ လက်ရှိ မန္တလေးမှာ ဖြစ်ပေါ်နေတဲ့ အလွဲအမှားလေးတွေ၊ လိုအပ်ချက်ကလေးတွေကို ထိထိရောက်ရောက်နဲ့ ထောက်ပြထားဖို့ လုပ်ထားပါတယ်"ဟု သံချပ်တာဝန်ခံ ကိုအောင်သက်ပိုင်က ပြောကြားသည်။


၂၀၁၇ ခုနှစ် သြင်္ကန်ပွဲတော်တွင် ဗကသကျောင်းသားအဖွဲ့များက “ဟိုထိုဒီထိုး ရွှေလက်ညှိုး သံချပ်အဖွဲ့အဖြစ် စတင်ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း ဆက်လက်ဖျော်ဖြေခြင်းဖြစ်သည်။


သြင်္ကန်ပွဲတော်တွင် ပြိုင်ပွဲဝင်နိုင်ရေးအတွက် ကျောင်းသားများက ချမ်းမြသာစည်မြို့နယ်ရှိ လူငယ်အစည်းအရုံး ရုံးခန်းတွင် ကြိုတင်လေ့ကျင့်လျက်ရှိသည်။


M-04