News

POST TYPE

POPULAR POST

ဆီးရီးယား လေတပ်စခန်း ဒုံးကျည်ဖြင့် ပစ်ခံရ၊ မည်သည့်အင်အားစုက တိုက်မှန်းမသိရ
09-Apr-2018



ဒမတ်စကတ်၊ ဧပြီ ၉


ဓါတုလက်နက်များ သုံးခြင်းကြောင့် တန်ပြန်ဒဏ်ခတ်ခံရမည်ဟု အနောက်အုပ်စုက သတိပေးခံထားရသော ဆီးရီးယားစစ်တပ်၏ လေတပ်စခန်းတစ်ခုကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရရာ လူ ၁၄ ဦးသေဆုံးသွားခဲ့သည်။


လေတပ်စခန်း တီယက်စ် ကို ဒုံးကျည်မှန်ခဲ့ရာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးသွားခဲ့သည်ဟု စစ်တပ်က ထုတ်ပြန်ထားသည်။

အနောက်အုပ်စုက အဆိုပါ ဒုံးကျည်တိုက်ခိုက်မှု နောက်ကွယ်တွင် ရှိနေသည်ဟု ဆီးရီးယားက ဆိုထားပြီး မဟာမိတ်များက ငြင်းဆန်ထားသည်။

ဓါတုလက်နက်ဖြင့်တိုက်ခိုက်သူများကို အမေရိကန်ပြည်ထောင်စုနှင့် ပြင်သစ်တို့က ပြန်လည်တုန့်ပြန်သွားမည်ဟု ဆိုထားသည်။ လက်ရှိ ဒုံးကျည်ပစ်ခတ်မှုကိုမူ အတည်မပြုထားပေ။


အစ္စရေးကလည်း ဆီးရီးယားရှိပစ်မှတ်များကို တိုက်ခိုက်ဖူးခဲ့သော်လည်း ယခုဖြစ်စဉ်အပေါ် မှတ်ချက်မပြုထားပေ။

အမေရိကန်သမ္မတ ဒိုနယ်ထရမ့်က ဆီးရီးယားသမ္မတ အာဆတ်ကို တိရစ္ဆာန်ကောင်ဟု ပြောကြားထားပြီး ဓါတုလက်နက်သုံးသည့်အတွက် ကြီးလေးစွာ ပြန်လည်ပေးဆပ်ရမည်ဟု ဆိုလိုက်သည်။



F-02