News

POST TYPE

POPULAR POST

တာချီလိတ်တွင် ထိုင်းနိုင်ငံသား အချုပ်တရားခံ သေဆုံး
09-Apr-2018

ကျိုင်းတုံ၊ ဧပြီ ၉


ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၈ ရက် နံနက် ၆ နာရီခန့်က ထိုင်းနိုင်ငံသား အချုပ်တရားခံတစ်ဦး သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။


"သေဆုံးသွားတဲ့ ထိုင်းနိုင်ငံသားက လဝကဥပဒေနဲ့ ဒီလ ၂ ရက်နေ့က ဖမ်းမိတဲ့အဖွဲ့ကပါ။ အစာအိမ် ရောဂါကြောင့် ဆေးရုံမှာကုသပေးနေချိန်မှာ AIDS ရောဂါအခံနဲ့ သွေးဆိပ်တက်ပြီး သေဆုံးတာလို့ သိရတယ်"ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။


အသက် ၄၂ နှစ်အရွယ် ထိုင်းနိုင်ငံသား အချုပ်တရားခံ Mr.Pha Dac သေဆုံးမှုနှင့်ပတ်သက်၍ သေမှုသေခင်းအမှတ်စဉ်ရေးဖွင့်ကာ စစ်ဆေးနေကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။


R-16