News

POST TYPE

POPULAR POST

စဉ့်ကူးမြို့တွင် ငလျင်လှုပ် ထိခိုက်ပျက်စီးမှု မရှိ
09-Apr-2018



မန္တလေး၊ဧပြီ ၉



စဉ့်ကူးမြို့ကို ဗဟိုပြုကာ ဧပြီလ ၉ရက် နံနက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။



ဧပြီလ ၈ ရက်နေ့ ည ၁၂ နာရီ ၁၀ မိနစ်ခန့်က စဉ့်ကူးမြို့အရှေ့မြောက်က် ၆မိုင်အကွာတွင် အနက် ၅ကီလိုမီတာကို ဗဟိုပြု၍ အင်အား၄ဒသမ ၉ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။ 



"ငလျင်က လှုပ်တော့ လှုပ်တယ်။ ဒါပေမယ့် အပြင်းအထန်ကြီးတော့ မဟုတ်ပါဘူး။ အင်အားကလည်း ၄ဒသမ၈လောက်ပဲ ရှိတာဆိုတော့ ပျက်စီးမှု မရှိနိုင်ပါဘူး၊ ကြားလည်း မကြားမိသေးဘူး” ဟု စဉ့်ကူးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်နိုင်ဦးက ပြောကြားသည်။


စဉ်ကူးမြို့နယ်တွင် လတ်တလော ထိခိုက်ပျက်စီးမှုများ မရှိသေးကြောင်း ယင်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်းကပြောသည်။ 


၄ဒသမ ၉ အင်အားရှိသည့် ငလျင်ကြောင့် စဉ့်ကူးနှင့်အနီးတစ်ဝိုက်မြို့များဖြစ်သည့် မန္တလေး၊ ပြင်ဦးလွင်နှင့် စစ်ကိုင်းမြို့တို့အထိ သိရှိခံစားခဲ့ရသော်လည်း စဉ့်ကူးမြို့မြောက်ဘက်ရှိ သပိတ်ကျင်းမြို့တွင် လှုပ်ခတ်ခြင်း မရှိကြောင်း သပိတ်ကျင်းဒေသခံများထံမှ သိရသည်။


M-04