News

POST TYPE

POPULAR POST

အိမ်မဲတွင် မီးရှို့ထားသော အမျိုးသားအလောင်းတွေ့
08-Apr-2018
ပုသိမ် ၊ဧပြီ ၇

ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ဘုရားကြီးကုန်း ကျေးရွာအုပ်စု သင်တောကျေးရွာရှိ လယ်ကွင်းတွင် မီးလောင်ထားသော ကောက်ရိုးပြာပုံထဲမှ အမျိုးသားအလောင်းကို ရဲတပ်ဖွဲ့ဝင်များက ဧပြီလ ၇ ရက်ညနေပိုင်းတွင် တွေ့ရှိခဲ့ကြောင်း အိမ်မဲမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှသိရသည်။

ကောက်ရိုးပြာပုံတွင် ဦးခေါင်းနှင့်ခန္ဓာကိုယ် တစ်စစီဖြစ်နေသော ခြေလက် အရိုး အပိုင်းအစ များသာ တွေ့ရှိရပြီး မီးလောင်ထားသော အလောင်းကို စောင်တစ်ထည်ဖြင့် ပတ်ထားကြောင်း၊ အိမ်မဲပြည်သူ့ဆေးရုံတွင် ခွဲစိတ်စစ်ဆေးရာမှ သေဆုံးသူမှာ အမျိုးသား ဖြစ်သည်ကို သိရကြောင်း အိမ်မဲမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်မိုးက The Voice သို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စခန်းမှူးနှင့်အဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ ဆေးစာနှင့်တကွ သွားရောက် စစ်ဆေးနေကြောင်း အိမ်မဲမြို့မရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ အိမ်မဲမြို့မရဲစခန်းက လူသတ်မှု၊ သက်သေခံ ပစ္စည်းဖျောက်ဖျက်မှုတို့ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူကို စုံစမ်းနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

R-12


  • VIA