News

POST TYPE

POPULAR POST

ပုံတောင် အတက်တွင် ကဘော်ရွှေပြည်ယာဉ်လိုင်းတိမ်းမှောက်
08-Apr-2018

ချောက်၊ ဧပြီလ ၈

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင် ပုံညာ (ဂန့်ဂေါ- ပုလဲ ကားလမ်းမိုင်တိုင်အမှတ် ၆၇/၄-၅ ကြား) လယ်ဓမ္မာကျေးရွာအနီးတွင် ကဘော်ရွှေပြည်ယာဉ်လိုင်း တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု ဂန့်ဂေါမြို့မရဲစခန်း ထံမှသိရှိရသည်။

တမူးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ကဘော်ရွှေပြည်ယာဉ်လိုင်းမှ စူပါကာစတန် အဖြူရောင်သည် လယ်ဓမ္မာကျေးရွာအနီး (ပုံတောင် အတက်)တွင် ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ရာမှ လမ်းဘေး ၁၀ ပေအနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသော အသက် ၁၉ နှစ်အရွယ် ခရီးသည် အမျိုးသားတစ်ဦး ရင်ဘတ်ပွန်းပဲ့ချိုင့်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ခရီးသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများ ရရှိသောကြောင့် ကျောမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ဂန့်ဂေါမြို့မ ရဲစခန်းထံမှ သိရသည်။

ယာဉ်တိမ်းမှောက်ရာမှ လူသေဆုံးမှုနှင့်ပတ်တ်သတ်၍ ယာဉ်မောင်း ကျော်လင်းထက်ကို ဂန့်ဂေါ မြို့မ ရဲစခန်းက ယာဉ် (ပ) ၉/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က) / ၃၃၇ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဓါတ်ပုံ- ဂန့်ဂေါမြို့မရဲစခန်း


  • VIA