News

POST TYPE

POPULAR POST

ကျပ်သိန်းတစ်သောင်းဆု မုံရွာမြို့နယ်နေသူ ဆွတ်ခူး
02-Apr-2018 tagged as မုံရွာ ထီဆု

မုံရွာ၊ ဧပြီ ၁

၁၃ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်း အောင်ဘာလေထီဆုကြီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နေသူ ဦးသောင်းကြည်က ဆွတ်ခူးခဲ့ကြောင်း မုံရွာ အောင်ကောင်းဆင့်ထီဆိုင်ထံမှ စုံစမ်းသိရှိရသည်။ 

ရွှေမြန်မာ မင်္ဂလာရွှေမောင်း မုံရွာအောင်ကောင်းဆင့်ထီဆိုင်ကြီးမှ ဍ-၉၀၅၂၆၀ နံပါတ်ဖြင့် သိန်းတစ်သောင်းဆုကြီးကို မုံရွာမြို့နယ်၊ မရိုးတောတောင်ရွာနေ ဦးသောင်းကြည်က ဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း အောင်ကောင်းဆင့်ထီဆိုင်ပိုင်ရှင် ဦးဇော်မင်းထွန်းက ပြောကြားသည်။

“၁၂ ကြိမ်မြောက်ကို မန္တလေးကပေါက်ခဲ့တယ်။ ဒီဧပြီ ၁ ရက်မှာဖွင့်တဲ့ ထီကို ဦးသောင်းကြည်က ပေါက်ပါတယ်”ဟု ၎င်းက ဆိုသည်။

ကျပ်သိန်းတစ်သောင်းဆုရှင် ဦးသောင်းကြည်သည် မုံရွာမြို့နယ်၊ မရိုးတောတောင်ရွာနေထိုင်ပြီး ကွမ်းစိုက်၊ စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူတစ်ဦး ဖြစ်သည်။

ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်း အောင်ဘာလေထီဆုကြီးကိုလည်း မုံရွာမြို့နယ်တွင်နေထိုင်သူတစ်ဦးက ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။ 

R-08