News

POST TYPE

POPULAR POST

ပြင်ဦးလွင်တွင် ဒုတိယမြောက်ဆင်စခန်းဖွင့်ရန် စီစဉ်


မန္တလေး၊ ဖေဖော်ဝါရီ ၂၁

ပြင်ဦးလွင်မြို့နယ်အတွင်း ဒုတိယမြောက်ဆင်စခန်းတစ်ခု မတ်လနောက်ဆုံးပတ်တွင် ဖွင့်လှစ်ရန်စီစဉ်နေကြောင်း မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်း) ထံမှ သိရသည်။

ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသွား ရာလမ်း ၅ မိုင် ၅ ဖာလုံနေရာတွင် ဖွင့်လှစ်မည်ဖြစ်ကာ ဝါးနက်အပန်းဖြေ ဆင်စခန်းဟု အမည်ပေးထားကြောင်း၊ လက်ရှိတွင် အဆောက်အအုံဆောက်လုပ်ခြင်း၊ ဆင်ပတ်လမ်းပြုလုပ်ခြင်း လုပ်ငန်းများ၊ ရေကစားနိုင်မည့်နေရာ ဖော်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ အကျယ်အဝန်း ဧက ၁၃၀ ကျော်ပေါ်တွင် ပြုလုပ်မည်ဖြစ်ပြီး ဆင်ခြောက်ကောင်ခန့် ထားရှိမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း မန္တလေးတိုင်းမန်နေဂျာ ဦးအောင်မြင့်ဌေးက ပြောကြားသည်။ 

မြန်မာ့သစ်လုပ်ငန်းအနေနှင့် ဆင်များကို စနစ်တကျထိန်းသိမ်းစောင့် ရှောက်လျက်ရှိသည်ကို ပြည်သူများနှင့် ကမ္ဘာတစ်လွှားမှ လက်တွေ့သိမြင်ကာ ပူးပေါင်းထိန်းသိမ်းလာစေရန်၊ ဆင်အခြေပြု ခရီးသွားလုပ်ငန်းကို အမှီပြု၍ ဒေသခံများ အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများ တိုးတက်လာစေရန်၊ ဆင်နှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများရရှိပြီး ဆင်များကို ချစ်မြတ်နိုးလာစေရန်၊ ပြည်တွင်းပြည်ပခရီးသွားများ စိတ်အပန်းဖြေအနားယူ လည်ပတ်နိုင်သောနေရာတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။ 

ရဲရွာ ရေအားလျှပ်စစ်စက်ရုံသွား ကားလမ်းဘေး မကျည်းအင်းကျေးရွာရှိ ဝှက်ကားရေတံခွန်အနီးတွင်လည်း ဒီးဒုတ်ရေတံခွန်အမည်ရှိ ဆင်စခန်းတစ်ခု ဇန်နဝါရီလ တတိယပတ်က ဖွင့်လှစ်ခဲ့သေးသည်။

M-05