News

POST TYPE

POPULAR POST

ဝက်ဘ်ဆိုက်ညစ်ညမ်းရုပ်ရှင်တွင် လီဗာပူးကစားသမားဟောင်း ပင်းနန့် သရုပ်ဆောင်
10-Feb-2018


လီဗာပူး၊ ဖေဖော်ဝါရီ ၁၀

လီဗာပူးအသင်းကစားသမားဟောင်းတစ်ဦးဖြစ်သော ဂျာမိန်းပင်းနန့်သည် ဝက်ဘ်ကင်မရာဖြင့် ရိုက်ကူးကာ ထုတ်လွှင့်ပြသသည့် ၀က်ဘ်ဆိုက်ညစ်ညမ်းရုပ်ရှင်ကားတစ်ကားတွင် ၎င်း၏ဇနီးသည် အေလိုက်စ်ဂွတ်ဒ်ဝင်းနှင့် အတူတွဲဖက် သရုပ်ဆောင်သွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။

အသက် ၃၅ နှစ်အရွယ်ရှိ ပင်းနန့်နှင့် အသက် ၃၂ နှစ်အရွယ်ရှိ ဂွတ်ဒ်ဝင်းတို့သည် ၎င်းတို့နှစ်ဦး ချစ်တင်းနှောသည့် ယင်းညစ်ညမ်းရုပ်ရှင်ကို တိုက်ရိုက်ကြည့်ရှု လက်ငင်းငွေပေးချေစနစ်ဖြင့် ထုတ်လွှင့်ပြသသွားခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုသူတစ်ဦးချင်းစီမှာ တစ်မိနစ်စာကို ခြောက်ပေါင်နှုန်းဖြင့် ပေးချေခဲ့ကြရကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ပင်းနန့်သည် ရုပ်သံရိုက်ကူးနေစဉ်တွင် ၎င်း၏မျက်နှာကို ပရိသတ်များ မြင်တွေ့ခြင်း မရှိနိုင်ရစေရန် အထူးဂရုပြုသွားခဲ့ပြီး ခန္ဓာကိုယ်ရှိ ဆေးမင်ကြောင်အမှတ်အသားများ၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ဆံပင်ပုံစံတို့ကိုကြည့်၍ ယင်းမှာ ပင်းနန့်ဖြစ်သည်ကို သတင်းမီဒီယာများနှင့် ကြည့်ရှုသူပရိသတ်များက အတည်ပြုနိုင်ခဲ့ကြခြင်းဖြစ်သည်။

ပင်းနန့်နှင့် ဂွတ်ဒ်ဝင်းတို့ သရုပ်ဆောင်ထားသည့် ယင်းညစ်ညမ်းရုပ်ရှင် ထုတ်လွှင့်ပြသမှုကို ကြည့်ရှုလိုက်ရသူတစ်ဦးက “ပင်းနန့်ရဲ့ဘ၀ဟာ အခုလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် လုံးဝကို မျှော်လင့်မထားခဲ့ပါဘူး။ သူဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတောင် ပါဝင်ကစားခွင့်ရခဲ့ဖူးသူပါ။ အခုတော့ သူရဲ့ဂုဏ်သိက္ခာအားလုံးကို သူရောင်းစားပစ်နေပါပြီ။ ငွေရှာဖို့အတွက် သူရွေးချယ်လိုက်တဲ့နည်းလမ်းဟာ လုံးဝကို မှားယွင်းနေတယ်လို့ ယူဆမိပါတယ်”ဟု မှတ်ချက်ပေးအပ်သွားခဲ့သည်။

ပင်းနန့်သည် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလ၌လည်း နာမည်ဆိုးဖြင့် ကျော်စောမှုများရှိခဲ့ဖူးကာ လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်၌ အမူးလွန်၍ ယာဉ်မောင်းနှင်ကာ လမ်းမီးတိုင်ကို ၎င်း၏မာစီးဒီးစ်ဇိမ်ခံကားဖြင့် ၀င်တိုက်ခဲ့သည့်အတွက် ပင်းနန့်က ထောင်ဒဏ်ရက် ၉၀ ကျခံခဲ့ရဖူးသေးသည်။