POST TYPE

POPULAR POST

မြစ်ကြီးနားမြို့ KBZ ဘဏ်လုယက်မှု မသင်္ကာသူ အမျိုးသားသုံးဦးကို ရမန်ယူစစ်ဆေး


မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၈

မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာဈေး (၁) အပေါ်ထပ်တွင် ဖြစ်ပွားခဲ့သည့် KBZ မီနီဘဏ်လုယက်မှုနှင့်ပတ်သက်၍ မသင်္ကာသူ အမျိုးသားသုံးဦးကို ရမန်ယူ၍ စစ်ဆေးနေကြောင်း မြစ်ကြီးနားမြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါအမျိုးသားသုံးဦးကို မြို့မရဲစခန်း၌ ရမန်ယူစစ်ဆေးလျက်ရှိပြီး စစ်ဆေးနေသည့် အချိန်ဖြစ်သည့်အတွက် အသေးစိတ်ကို မပြောနိုင်သေးကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ ၃ နာရီကျော်က ဘဏ်အတွင်းသို့ အမည်မသိ လူငယ်လေးဦးက မျက်နှာအကာပါ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ပြီး ဝင်ရောက်လာကာ ဝန်ထမ်းများကို ရန်ပြု၍ ငွေကျပ်သိန်း ၉၂၀ ကျော် လုယူသွားခဲ့သည့်အပြင် ဘဏ်အတွင်းထားရှိသည့် CCTV စက်ကိုပါ ယူဆောင်သွားခဲ့သည်။

အဆိုပါလုယက်မှုကို မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းတွင် (ပ) ၁၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၉၄ (လုယက်မှု) ဖြင့် အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေခြင်းလည်း ဖြစ်သည်။

R-06