News

POST TYPE

POPULAR POST

ဆိပ်ကမ်းရောက် ယာဉ်များ မထုတ်ယူပါက ပြည်သူပိုင်သိမ်းမည်
18-Jul-2016

ရန်ကုန်၊ ဇူလိုင် ၁၇

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အောက် သီလဝါဆိပ်ကမ်းရှိ ပြည်ပမှ တင်သွင်းလာပြီး တစ်နှစ်ကျော်သည်ထိ လာရောက်ထုတ်ယူခြင်း မရှိသော ယာဉ်များကို ပြည်သူပိုင်သိမ်းမည် ဖြစ်ကြောင်း မြန်မာဆိပ်ကမ်းအာဏာပိုင်ထံမှ သိရှိရသည်။

ယခင်က ဒဏ်ကြေးပေးဆောင်ကာ ထုတ်ယူခွင့် ပြုခဲ့သော်လည်း ဇူလိုင်လလယ်မှစ၍ ပြည်သူပိုင်သိမ်းကာ အများပြည်သူသို့ လေလံခေါ်ယူသွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“တစ်နှစ်ကျော်တဲ့အထိ လာမထုတ်တဲ့ ယာဉ်တွေကို နည်းဥပဒေအရ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေနဲ့ ယာဉ်ပိုင်ရှင်က စွန့်လွှတ်တယ်လို့ ယူဆတယ်။ ဒဏ်ကြေးနဲ့လည်း လုံးဝထုတ်ယူခွင့် မပြုတော့ပါဘူး” ဟု ၎င်းက ဆိုသည်။

ဇူလိုင်လမှစ၍ ယာဉ်နှင့် ယန္တရားများကို ဆိပ်ကမ်းသို့ရောက်ပြီး သုံးရက်အတွင်း လာရောက်ထုတ်ယူပါက ဆိပ်ကမ်းသိုလှောင်ခ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး ထုတ်ယူခြင်း မရှိပါက ယခင်နှုန်းထားထက် နှစ်ဆတိုးမြှင့် ကောက်ခံသွာမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတင်းထုတ်ပြန်ထားသည်။

ယနေ့အချိန်ထိ ဆိပ်ကမ်းအတွင်းရှိ တစ်နှစ်ကျော်တိုင် လာရောက်ထုတ်ယူခြင်း မရှိသည့် ယာဉ်စီးရေမှာ ၁၂၀၀ ကျော်ခန့် ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စာရင်းအရ သိရသည်။