News

POST TYPE

POPULAR POST

ကမာရွတ် အထက (၃) တွင် ကိုးတန်းကျောင်းသားတစ်ဦး ဓားထိုးခံရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ကိုးတန်းကျောင်းသားတစ်ဦးမှာ ဓားဖြင့် ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ရင်အုံ၊ ကျောကုန်းနှင့် ဝမ်းဗိုက်တို့တွင် ဓားထိုးသွင်းဒဏ်ရာများ ရခဲ့သည့် ကိုးတန်းကျောင်းသားကို မုန့်စားဆင်းချိန် ကျောင်းဝင်းအတွင်း ၎င်းနှင့် ယခင်က စကားများရန်ဖြစ်ခဲ့ဖူးသည့် ကိုးတန်းကျောင်းသားတစ်ဦးက ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

ဓားဖြင့် သုံးချက်ဆင့်ထိုးခံရသည့် ကိုးတန်းကျောင်းသားမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် တင်ပို့ထားရပြီး ဓားဖြင့်ထိုးသည့် ကိုးတန်းကျောင်းသားမှာ အသက် ၁၅ နှစ်အရွယ် ရှိသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အပြင်းအထန် နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့် ကျောင်းသားကို ကမာရွတ်မြို့မရဲစခန်းက ဖမ်းဆီးကာ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။

S-03